အနုပညာနဲ့ပတ်သက်လာရင် သဘောထားပြည့်ဝလွန်းတဲ့ L လွန်းဝါနဲ့ L ဆိုင်းဇီတို့မောင်နှမနှစ်ဦးရဲ့ စိတ်ရင်လေးကိုပြောပြလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ အမေရိကန်နိုင်ငံကိုရောက်ရှိပြီးနောက် ဇာတ်ကားတွေမရိုက်ကူးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ပရိသတ်တွေနဲ့ အလှမ်းဝေးသွားခြင်းမရှိအောင် အမြဲတမ်း ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဥက္ကာမင်းမောင်က 166 Days With You ဆိုတဲ့ ကိုယ်တိုင်ရေးစာအုပ်လေးကို ထုတ်ဝေမယ့်အကြောင်းနဲ့ စာအုပ်လေးမထုတ်ဝေခင် ဇာတ်လမ်းနဲ့ ပက်သတ်ဆက်နွယ်တဲ့ သီချင်းလေးတွေ Music Videos လေးတွေလည်း ထွက်ရှိဖို့ရှိတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

ဥက္ကာမင်းမောင်က “ကို L လွန်းဝါနဲ့ ညီမလေး L ဆိုင်းဇီတို့ကြောင့် စိတ်ထဲ ကြည်နူးပီတိဖြစ်မိပြီး ပျော်ရွှင်ရတဲ့အကြောင်းလေး ပြောပြရင်း ကျေးဇူးတရားကိုလဲတန်ဖိုးထားအသိအမှတ်ပြုတဲ့အနေနဲ့ ပြောပြချင်တာလေးတခုရှိပါတယ်.. ကျွန်တော့်ရဲ့ “၁၆၆ ရက်ဒိုင်ယာရီ(166 Days With You)” ဝတ္ထုစာအုပ်နဲ့အတူ ကျွန်တော်တို့ ၂ယောက်ရဲ့ဇာတ်လမ်းနဲ့ ပက်သတ်ဆက်နွယ်တဲ့ သီချင်းလေးတွေ Music Videos လေးတွေလဲ ထွက်လာဖို့ရှိပါတယ်..ထွက်မှာက ဝတ္ထုစာအုပ်ဆိုပေမယ့် ရုပ်ရှင်တကားလိုပဲ ကျွန်တော် ဖန်တီးနေတာ.. စာအုပ်ရဲ့ ဇာတ်ဝင်တေးတွေလိုမျိုးပေါ့နော်.. ကိုယ်တိုင်ရေးသီချင်းလေးတွေရော၊ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်း ဟောင်းလေး ၂ ပုဒ် ၃ ပုဒ်လောက်ကိုလဲ ပြန်လည်ဖန်တီးပြီး ဆိုဖို့ စဉ်းစားထားတာပါ..စာအုပ်ထွက်မယ့်ရက်နောက်ဆုတ်လိုက်တော့ ဝတ္ထုမထွက်ခင် သီချင်းလေးတွေ Music Video လေးတွေအရင်ထွက်ပါမယ်.. နာမည်ကြီး သီချင်းဟောင်းတစ်ပုဒ်ဖြစ်တဲ့ “————-” သီချင်းကို ပြန်ဆိုချင်လို့ ကိုL လွန်းဝါကို ဆက်သွယ်တော့ အဲ့ဒါ L ဆိုင်းဇီရေးတာတဲ့.. အကိုသူနဲ့ ချိတ်ပေးမယ်ဆိုပြီး ဆက်သွယ်ပေးပါတယ်.. ညီမလေး ဆိုင်းဇီနဲ့ အဆက်အသွယ်ရတော့ ကျွန်တော့်ရဲ့ Plan လေးကို ပြောပြရင်း ဒီသီချင်းလေးကို version အသစ်လေးနဲ့ ပြန်ဆိုချင်သလို English လိုလဲ ဒီသီချင်းကို အကို့ ဝတ္ထုဇာတ်လမ်းနဲ့ ပက်သက်ဆက်နွယ်တဲ့ အတိုင်း အကိုပြန်ရေးပြီး ဆိုချင်တယ်”

“English လိုနဲ့မြန်မာလိုနှစ်မျိုးလုံးဆိုမယ် ဆိုပေမယ့် သီချင်းစာသားအဓိပ္ပါယ်ကတော့ တူမှာမဟုတ်ဘူးပေါ့နော်.. ညီမလေး ခွင့်ပြုမယ်ဆိုရင် အကို ဝယ်ချင်လို့ပါဆိုတော့ ဆိုင်းဇီက အကို့ကို ငယ်ငယ်လေးထဲက ဇာတ်ကားတွေကြည့်ပြီးအားပေးလာတာတဲ့..အကိုပြန်ပြီးအနုပညာတွေလုပ်တော့လဲ အားပေးနေတာတဲ့.. အခုလိုပြန်လုပ်တာလဲဝမ်းသာတယ်တဲ့.. အနုပညာကြေးမယူပါဘူး.. ဆိုပါတဲ့.. God bless you အကိုတဲ့.. ကို L လွန်းဝါကလဲ အကို့ version ကို ပြန်ဆိုမှာဆိုပေမယ့် အကို အနုပညာကြေးမယူပါဘူး.. အကို့သီချင်းကို ပြန်ဆိုလို့ ဝမ်းသာနေပါပြီတဲ့…သူတို့နှစ်ယောက်လုံးရဲ့ စေတနာ မေတ္တာတရား နဲ့ ဖြစ်စေချင်တဲ့ စိတ်ထားလေးတွေကို ကျွန်တော်ရင်ထဲက လေးစားစွာတန်ဖိုးထားပါတယ်.. ကျွန်တော်ကလဲ ကို L လွန်းဝါတို့ ၊ Lဆိုင်းဇီ၊ ရေဗက္ကာဝင်း မောင်နှမ ၃ ယောက်လုံးကို အရမ်း သဘောကျခဲ့တာ အရင်ထဲက အမာခံပရိတ်သတ်.. သူတို့ စတိတ်ရှိုးတွေလဲ သွားကြည့်ခဲ့ဖူးတယ် အများကြီး.. အခုလိုစိတ်သဘောထားအပြည့်နဲ့ သီချင်းကို ဆိုခွင့်ပြုပေးတဲ့အပေါ် ကျေးဇူးအများကြီးတင်သလို ကျွန်တော့်ဘက်ကလဲ အစွမ်းကုန် ကြိုးစားပြီး သီဆိုပါမယ်ခင်ဗျာ…ဒီသီချင်းကို ကိုမောင်မောင်ပြည့်စုံက တီးခတ်နေပါပြီ.. မကြာခင် New York မှာပဲအသံသွင်းပြီး ပရိတ်သတ်ရှေ့ Music video ရော သီချင်းရော ရောက်လာမှာပါ.. စိတ်စေတနာကောင်းတဲ့ မောင်နှမ နှစ်ယောက်လုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ…ဘာသီချင်းလေးဖြစ်မယ်လို့ထင်လဲ.. ပြောကြည့်.. မခက်ပါဘူး…” ဆိုပြီးပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ 166 Days With You စာအုပ်နဲ့ ပက်သတ်ဆက်နွယ်တဲ့ သီချင်းလေးတွေ Music Videos လေးတွေကို နာမည်ကြီးအဆိုတော် L လွန်းဝါနဲ့ L ဆိုင်းဇီတို့မောင်နှမနှစ်ဦးဆီက ဝယ်ယူခဲ့ရာ L လွန်းဝါနဲ့ L ဆိုင်းဇီတို့မောင်နှမနှစ်ဦးစလုံးက အနုပညာကြေးလုံးဝမယူပဲ မေတ္တာနဲ့ပံ့ပိုးပေးခဲ့တယ်လို့ ဆိုလာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Min Maung’s fb

error: Alert: Content is protected !!