အနုပညာခြေလှမ်းအစဖြစ်တဲ့ ပြက္ခဒိန်ကြော်ငြာပုံရိပ်လေးတွေကို ပရိသတ်တွေအမှတ်ရအောင် ပြသလာခဲ့တဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်ကတော့ အနုပညာလောကထဲကိုဆယ်ကျော်သက်အရွယ်က တည်းကဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ခဲ့သူပါ။ စိုးပြည့်သဇင်က “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့ပြီးရုပ်ရှင်နယ်ပယ်မှာသာမကပဲ ဂီတလောကမှာပါနေရာတစ်နေရာ အခိုင် အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကပရိသတ်ကြိုက်ကြသလိုသူမသီဆိုတဲ့သီချင်းတိုင်းကလည်း ရေပန်းစားလှပါတယ်။

အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုတိုင်ရှိခဲ့ပြီဖြစ်တဲ့ စိုးပြည့်သဇင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ အနုပညာခြေလှမ်းအစက ဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီချပြလာပါတယ်။ စိုးပြည့်သဇင်က သူမငယ်စဉ် ပြက္ခဒိန်ဓာတ်ပုံလေးတွေကိုပြသရင်း “မင်းသမီးပေါက်စ.. calendarစရိုက်ခဲ့တဲ့ပုံလေးတွေ တခြားCalendar ပုံလေးတွေရှိရင်လည်းကွန်မန့်မှာလာမန့်ပေးနော်….သိမ်းထားမို့….” ဆိုပြီး ပရိသတ်တွေကိုလည်း တောင်းဆိုလာခဲ့ပါတယ်။

စိုးပြည့်သဇင်ကတော့ အခုဆိုရင် အသက် (၂၈) နှစ်အရွယ်ရှိနေပြီဆိုပေမယ့် သူမရဲ့လက်ရှိပုံရိပ်လေးတွေနဲ့ ငယ်ငယ်ကပုံရိပ်လေးတွေဟာ ခြားနားခြင်းမရှိတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Soe Pyae Thazin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!