အနုပညာကိုဝါသနာပါတဲ့ လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့သမီးလေးကို မြေတောင်မြှောက်ပေးဖို့ စဉ်းစားထားတဲ့ ဘေဘီမောင်
ဘေဘီမောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားအချို့မှာပါ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူတစ်ယောက်ပါ။ ဘေဘီမောင်ဟာ အခုဆိုရင် အိမ်ထောင်ကျပြီး သူမရဲ့ရင်သွေးလေးကို လွယ်ဆောင်ထားရတာမို့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ထားရသူတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဘေဘီမောင်ဟာ လူကြမ်းသရုပ်ဆောင် မင်းမင်းတို့ သားအဖကို လက်ဆောင်တွေပို့ပေးမယ့်အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ဘေဘီမောင်က “ကိုမင်းမင်းတို့ရဲ့မိသားစုကိုဆက်သွယ်လို့ရမယ့်ဖုန်းလေးရှိရင်ပေးပါရှင့်🙏🏻 စေတနာရှင်အကိုတစ်ယောက်က အကိုတို့မသားစုကိုငွေတစ်သိန်းကူညီထားပါတယ်ရှင့်🙏🏻 ဘေဘီကလည်းညီမလေးအတွက် အဝတ်အစားတွေ ပိုက်ဆံအိတ်တွေလက်ဆောင်ပေးချင်လို့ပါရှင့်❤️” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သားဂန်းရဲ့သီချင်းတွေမှာလည်း သရုပ်ဆောင်စေမယ်ဆိုပြီး “မမခလေးမွေးပီးရင်ကိုသားဂန်းသီချင်းလေးတွေရိုက်ပေးဖို့ ကိုမင်းမင်း သမီးလေးကိုခေါ်ရိုက်ဖို့စဉ်စားထားတယ်❤️” ဆိုပြီးလည်း ပြောထားပါတယ်။
ဘေဘီမောင်ကတော့ အနုပညာကိုဝါသနာပါတဲ့ လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့သမီးလေးကို အင်္ကျီအဝတ်အစားတွေနဲ့ ပိုက်ဆံအိတ်တွေ လက်ဆောင်ပေးမယ့်အကြောင်းကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင် မင်းမင်းရဲ့ သမီးလေးလည်း အနုပညာလောကမှာ အောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Baby Maung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Baby Maung’s fb