အဒေါ်တူပြီး ချစ်စရာကောင်းတဲ့ တူမချောချောလေးကို ထုတ်ကြွားလာခဲ့တဲ့ ခင်ဝင့်ဝါ

အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါကတော့ Miss Supranational 2013 ရဲ့ Miss Internet Award ဆုအပါအဝင် အလှမယ်ဆု (၄) ဆုအထိ ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ် ကျော်ကြားလာပြီး နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဦးဆောင်ပါဝင်နေတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းဆည်းပြီး ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်း Single လေးအဖြစ်သာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တည်း အပျိုကြီးပီပီ မိသားစုတွေအပေါ် သံယောဇဉ်ရှိပြီး အရမ်းချစ်တတ်တဲ့ ခင်ဝင့်ဝါဟာ လက်ရှိမှာတော့ သူမရဲ့ မိသားစုတွေနဲ့အတူတူ ခရီးတွေထွက်ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမရဲ့ ခရီးသွားအမှတ်တရဓာတ်ပုံလေးကို မျှဝေပြီး “တစ်ဦးတည်းသော အချစ်ရဆုံးသော တူမလေး 😘 ( ဓါတ်ပုံရိုက်ရအခက်ဆုံးလေး 😏)” ဆိုပြီး တူမလေးနဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကိုပါ မျှဝေပေးလာပါတယ်။


ခင်ဝင့်ဝါကတော့ မျိုးနဲ့ရိုးနဲ့ချောတယ်လို့ ဆိုရလောက်အောင် အဒေါ်တူပြီး ချောမောတဲ့ တူမလေးကို ထုတ်ကြွားလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါတို့တူဝရီးနှစ်ယောက်ရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Wint Wah .’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အေဒၚတူၿပီး ခ်စ္စရာေကာင္းတဲ့ တူမေခ်ာေခ်ာေလးကို ထုတ္ႂကြားလာခဲ့တဲ့ ခင္ဝင့္ဝါ

အလွမယ္တစ္ေယာက္အျဖစ္ အႏုပညာေလာကမွာ လူသိမ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသမီး ခင္ဝင့္ဝါကေတာ့ Miss Supranational 2013 ရဲ႕ Miss Internet Award ဆုအပါအဝင္ အလွမယ္ဆု (၄) ဆုအထိ ပိုင္ဆိုင္ထားသူေလးတစ္ေယာက္ျဖစ္ပါတယ္။ ခင္ဝင့္ဝါက အခုဆိုရင္ အလွမယ္တစ္ေယာက္အျဖစ္ကေန ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ ေက်ာ္ၾကားလာၿပီး နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ဦးေဆာင္ပါဝင္ေနတာ ပရိသတ္ႀကီး သတိထားမိၾကမယ္ ထင္ပါတယ္။ ခင္ဝင့္ဝါကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ကို သိမ္းဆည္းၿပီး ခ်စ္သူရည္းစားမရွိတဲ့ တစ္ကိုယ္တည္း Single ေလးအျဖစ္သာ အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

တစ္ကိုယ္တည္း အပ်ိဳႀကီးပီပီ မိသားစုေတြအေပၚ သံေယာဇဥ္ရွိၿပီး အရမ္းခ်စ္တတ္တဲ့ ခင္ဝင့္ဝါဟာ လက္ရွိမွာေတာ့ သူမရဲ႕ မိသားစုေတြနဲ႔အတူတူ ခရီးေတြထြက္ျဖစ္ေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ခင္ဝင့္ဝါက သူမရဲ႕ ခရီးသြားအမွတ္တရဓာတ္ပုံေလးကို မွ်ေဝၿပီး “တစ္ဦးတည္းေသာ အခ်စ္ရဆုံးေသာ တူမေလး 😘 ( ဓါတ္ပုံ႐ိုက္ရအခက္ဆုံးေလး 😏)” ဆိုၿပီး တူမေလးနဲ႔အတူတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေလးကိုပါ မွ်ေဝေပးလာပါတယ္။

ခင္ဝင့္ဝါကေတာ့ မ်ိဳးနဲ႔႐ိုးနဲ႔ေခ်ာတယ္လို႔ ဆိုရေလာက္ေအာင္ အေဒၚတူၿပီး ေခ်ာေမာတဲ့ တူမေလးကို ထုတ္ႂကြားလာခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခင္ဝင့္ဝါတို႔တူဝရီးႏွစ္ေယာက္ရဲ႕ ပုံေလးေတြကိုၾကည့္ၿပီး အသည္းယားေနၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Khin Wint Wah .’s fb

error: Alert: Content is protected !!