အဆိုတော်အချို့တောထဲရောက်နေတာတောင် Cover Song တွေသီဆိုပြီးစီးပွားရှာနေသူကို အားနာတတ်ဖို့ပြောလာတဲ့ မူးလာ

အဆိုတော်မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများကျော်ကြားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မူးလာဟာ အောင်မြင်နေဆဲအချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်အာဏာရှင်လူတစ်စုကိုဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ မှန်ရာကိုလုပ်ဖို့ဝန်မလေးသလို မှန်ရာကိုပြောဖို့လည်း ရဲရဲဝံ့ဝံ့ထုတ်ပြောလေ့ရှိတဲ့ မူးလာက ဒီကနေ့မှာလည်း Cover Song သီဆိုမှုနဲ့ပတ်သက်ပြီး အခုလိုပဲပြောလာတာကို တွေ့ရပါတယ်။

မူးလာက “သီချင်းဆိုသူမို့ တခါတလေ လေးစားအားကျရတဲ့ သီချင်းများကို cover song အနေနဲ့ ဆိုချင်မိတာတောင် လတ်တလောမှာ ဆိုချင်စိတ်ပါပျောက်တယ်။ တော်ရုံတန်ရုံ လုပ်ကြပေါ့။ နည်းနည်းပါးပါးလည်း အားနာကြပါဦး” ဆိုပြီး အဆိုတော်အချို့တောထဲရောက်နေတာတောင် Cover Song တွေသီဆိုပြီးစီးပွားရှာနေသူကို အားနာတတ်ဖို့ပြောလာတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ကစလိုက်တဲ့ Cover Song သီဆိုမှုဟာ ပရိသတ်တွေကြားမှာ လူပြောများနေပြီး တချို့သောတေးရေးတွေရဲ့ မိသားစုဝင်တွေဟာလည်း သီချင်းတွေကို စီးပွားဖြစ် cover Song သီဆိုဖို့ ခွင့်မပြုဘူးလို့ အသိပေးစာတွေထုတ်ပြန်လာခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Saw Chris Mooler-မူးလာ ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!