အစ်မကြီးပီပီ မိခင်ရဲ့နာရေးမှာ မောင်လေးတွေရှေ့ မျက်ရည်ထိန်းချုပ်ထားတဲ့ မာသထူးဝါး

ဖိုးမူကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကရင်အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဖေကိုဆုံးရှုံးထားရတဲ့ မာသထူးဝါးဟာ အခုတစ်ခါမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးလိုက်ရပြန်ပြီပဲဖြစ်ပါတယ်။ မာသထူးဝါးရဲ့မေမေဟာ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မာသထူးဝါးတို့ မောင်နှမသုံးယောက်ကို စိတ်ချလက်ချထားရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

မာသထူးဝါးကတော့ အဖေလည်းမရှိ၊ အမေလည်းမရှိတော့တာမို့ မောင်လေးနှစ်ယောက်အပေါ် အရင်ကထက်ပိုပြီး တာဝန်ယူစောင့်ရှောက်သွားရတော့မှာမို့ မိခင်ဖြစ်သူရဲ့နာရေးမှာလည်း မောင်လေးတွေပိုပြီး စိတ်မကောင်းမဖြစ်စေဖို့ ချုပ်တည်းထားခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မာသထူးဝါးရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

မာသထူးဝါးရဲ့ မေမေ မမိုင် (Naw Nee Thaw Taw) ဟာ ကွယ်လွန်သွားချိန်မှာ အသက် (၄၁) နှစ်သာရှိသေးတာမို့ သားသမီးတွေအားလုံးဟာ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးတို့ မောင်နှမတွေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်နေကြမယ်ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: martha htoowah’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အစ္မႀကီးပီပီ မိခင္ရဲ႕နာေရးမွာ ေမာင္ေလးေတြေရွ႕ မ်က္ရည္ထိန္းခ်ဳပ္ထားတဲ့ မာသထူးဝါး

ဖိုးမူႀကီးလို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ကရင္အဆိုေတာ္မေလး မာသထူးဝါးကေတာ့ “အိမ္ေလးတစ္လုံးလိုခ်င္တယ္” သီခ်င္းနဲ႔ ပရိသတ္ရင္ထဲ ေရာက္ရွိခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက အေဖကိုဆုံးရႈံးထားရတဲ့ မာသထူးဝါးဟာ အခုတစ္ခါမွာလည္း သူမရဲ႕မိခင္ကို ဆုံးရႈံးလိုက္ရျပန္ၿပီပဲျဖစ္ပါတယ္။ မာသထူးဝါးရဲ႕ေမေမဟာ ၿပီးခဲ့တဲ့ (၂၉) ရက္ေန႔ကပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး မာသထူးဝါးတို႔ ေမာင္ႏွမသုံးေယာက္ကို စိတ္ခ်လက္ခ်ထားရစ္ခဲ့ၿပီပဲျဖစ္ပါတယ္။

မာသထူးဝါးကေတာ့ အေဖလည္းမရွိ၊ အေမလည္းမရွိေတာ့တာမို႔ ေမာင္ေလးႏွစ္ေယာက္အေပၚ အရင္ကထက္ပိုၿပီး တာဝန္ယူေစာင့္ေရွာက္သြားရေတာ့မွာမို႔ မိခင္ျဖစ္သူရဲ႕နာေရးမွာလည္း ေမာင္ေလးေတြပိုၿပီး စိတ္မေကာင္းမျဖစ္ေစဖို႔ ခ်ဳပ္တည္းထားခဲ့တာကို ေတြ႕ရပါတယ္။ ပရိသတ္ႀကီးအတြက္ မာသထူးဝါးရဲ႕ လက္ရွိပုံရိပ္ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

မာသထူးဝါးရဲ႕ ေမေမ မမိုင္ (Naw Nee Thaw Taw) ဟာ ကြယ္လြန္သြားခ်ိန္မွာ အသက္ (၄၁) ႏွစ္သာရွိေသးတာမို႔ သားသမီးေတြအားလုံးဟာ အ႐ြယ္မေရာက္ေသးပဲ က်န္ရစ္ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မာသထူးဝါးတို႔ ေမာင္ႏွမေတြရဲ႕ ပုံရိပ္ေလးေတြကိုၾကည့္ၿပီး စိတ္မေကာင္းဝမ္းနည္းျဖစ္ေနၾကမယ္ထင္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: martha htoowah’s fb

error: Alert: Content is protected !!