အစ်မကြီးတစ်ယောက်ပီပီ မောင်လေးဂျူနီယာချစ်ကောင်းအတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေကို မွေးနေ့ဆုတောင်းပေးလာတဲ့ အိမ့်ချစ်
အဆိုတော်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်နဲ့ သားဖြစ်သူ ဂျူနီယာချစ်ကောင်းတို့ကတော့ ဖခင်ဖြစ်သူလိုပဲ သီချင်းဆိုကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း အောင်မြင်တဲ့ အဆိုတော်ကြီးတစ်ယောက်အဖြစ် ဂီတလောကမှာ နာမည်ကြီးသလို ဂျူနီယာချစ်ကောင်းကလည်း အဖေနဲ့ အစ်မရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပါပဲ။
ဒီကနေ့ မေလ (၂၇) ရက်နေ့ကတော့ ဂျူနီယာချစ်ကောင်းရဲ့ မွေးနေ့လေးဖြစ်ပြီး အိမ့်ချစ်ကတော့ အချစ်ဆုံးမောင်လေးအတွက် “Happy Birthday Junior ❤️ Junior Chit Kaung မွေးနေ့မှ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးလဲဖြစ်ပါစေ။ I always got your back dude ..!! Keep going ..!! ” ဆိုပြီး အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့မောင်နှမကတော့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိပြီး အရမ်းလည်းချစ်ကြတဲ့ မောင်နှမတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ဂျူနီယာချစ်ကောင်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Eint Chit’s fb