အစ်ကိုဖြစ်သူရေမွန် လူ့ဘဝကို အမြန်ဆုံးပြန်လည်ရောက်ရှိလာပါစေလို့ တောင်းဆုပြုနေတဲ့ လပြည့်ကဗျာ
တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ခင်ရတဲ့ အဆိုတော် ရေမွန်ကတော့ ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးအချိန်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရေမွန်ကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဒီကနေ့ မေလ (၂၃) ရက်နေ့ဆိုရင် (၁၁) လတိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ရေမွန့်ရဲ့အမေဖြစ်သူ ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့ကလည်း ရေမွန့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။
လပြည့်ကဗျာက “ခွဲခွာခြင်း ၁၁ လပြည့်နေ့လေးမှာ ဘပီကိုးကွယ်ခဲ့တဲ့ ဘုရားကိုေ ရွှသင်္ကန်းကပ် ဘုရားအနေကဇာတင်ပြီး အန္တရာယ်ကင်း ပရိတ်လေးရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ဦးဇင်းအရှင် အာစိဏ္ဏ ကို ဘပီကြိုက်တဲ့ အုန်းထမင်း ကြက်သားဟင်း ပုဇွန်ထုပ်ဆီပြန် /ကညွှတ်ပုဇွန်ကြော်/ ပြူးစိန် ငံပြာရည်ကြော် နှင့် ချဉ္ပေါင်ဟင်း တို့နေ့ဆွမ်းကပ်ခဲ့ပီး နဝကမ္မအလှူတော်ငွေလှူဒါန်းခဲ့ပါတယ်။ ညနေပိုင်းမှာ ဂီလာနဂေဟာဖြစ်တဲ့ Better Life Shelter – SDLG တွင် ကလေးများအတွက် ပါမုန့်နှင့် လိုအပ်သောနေရာ အသုံးပြုရန် အလှုငွေ ၁သိန်း လှူဒါန်းခဲ့ပါတယ်။”
“ဤသို့လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမုှ အစုစုတို့အား ကွယ်လွန်သူ ဦးဝေမွန်ဦး ရောက်ရာဘုံဘဝဌာနမှ သာဓုခေါ်ဆိုနိုင်ပီး လူ့ဘဝသို့ အမြန်ဆုံးပြန်လာနိုင်ပါစေ 🙏 (ဒီလိုမျိုး လှူတန်းနိုင်ဖို့အတွက် ပြူးစိန် ကိုဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော် အမေလှူတာ လှူတာပဲ ကိုယ်က ကိုယ့်အကိုအတွက် ကိုယ့်လုပ်အားလေးနဲ့ ဒီလိုမျိုးလေး လှူတန်းရလို့ စိတ်ထဲလဲ တော်တော်ပျော်တယ် ပီတိဖြစ်တယ်မေတ္တာပို့ပီးလဲ ဆုတောင်းပေးပါတယ်နော်❤️)”ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။
ရေမွန့်ရဲ့ ကျန်ရစ်သူမိသားစုတွေကတော့ လစဉ်လတိုင်း (၂၃)ရက်နေ့မှာ ရေမွန့်အတွက် ရည်စူးကုသိုလ်တွေပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ ရေမွန်လည်း ချစ်တဲ့သူတွေပြုပေးသမျှ ကုသိုလ်တွေကို အမျှရရှိပြီး သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lapyae Gabyar – လပြည့် ကဗျာ’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
“ဤသို့လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့အား ကွယ်လွန်သူ ဦးဝေမွန်ဦး ရောက်ရာဘုံဘဝဌာနမှ သာဓုခေါ်ဆိုနိုင်ပီး လူ့ဘဝသို့ အမြန်ဆုံးပြန်လာနိုင်ပါစေ 🙏 (ဒီလိုမျိုး လှူတန်းနိုင်ဖို့အတွက် ပြူးစိန် ကိုဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော် အမေလှူတာ လှူတာပဲ ကိုယ်က ကိုယ့်အကိုအတွက် ကိုယ့်လုပ်အားလေးနဲ့ ဒီလိုမျိုးလေး လှူတန်းရလို့ စိတ်ထဲလဲ တော်တော်ပျော်တယ် ပီတိဖြစ်တယ်မေတ္တာပို့ပီးလဲ ဆုတောင်းပေးပါတယ်နော်❤️)”ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။
error: Alert: Content is protected !!