အစ်ကိုကြီးရေမွန်ကွယ်လွန်ခြင်း (၁)နှစ် (၂)လပြည့်အဖြစ် ကိုယ်တိုင်ဆွမ်းဟင်းတွေ ဖွယ်ဖွယ်ရာရာချက်ပြီး ဘုရားဆွမ်းတော်ကပ်ခဲ့တဲ့ လပြည့်ကဗျာ

Idiots အဖွဲ့က အဆိုတော် ရေမွန်ကတော့ အသက်ငယ်ရွယ်ပြီး အောင်မြင်နေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတဲ့နောက် ရေမွန့်ရဲ့ပရိသတ်တွေဟာ စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပြီး သူ့ရဲ့ကျန်ရစ်သူမိသားစုဟာလည်း တော်တော်လေးကြေကွဲခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၂၃) ရက်နေ့မှာတော့ ရေမွန်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နဲ့ နှစ်လတိတိပြည့်ခဲ့ပြီဖြစ်ပြီး လပြည့်ကဗျာက အစ်ကိုကြီးအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်

လပြည့်ကဗျာက “❣️ဘပီလေး ၁နှစ်နဲ့ ၂လပြည့် ❣️ အပြင်အစားအစာတွေထက် အိမ်ထမင်းအိမ်ဟင်းကြိုက်တဲ့ ဘပီလေးအတွက်ကိုရည်စူးပြီး ပုဇွန်ထုပ်ဆီပြန် ချဉ်ပေါင်ရွက်နဲ့မျှစ်ကြော် ငါးကျည်းခြောက် ခရမ်းချဉ်သီး ငပိချက်လေးရယ် သစ်သီးဆွမ်းလေးရယ် ကပ်လှူခဲ့ပါတယ်။ ဘပီလေး အေးချမ်းပါစေ 🙏🙏🙏” ဆိုပြီး ဘပီအတွက် သူမကိုယ်တိုင်ဆွမ်းဟင်းချက်ပြီး ကုသိုလ်ယူခဲ့ကြောင်း ပြောပြလာပါတယ်။

ရေမွန်ကတော့ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဆိုပေမယ့် ကျန်ရစ်သူမိသားစုကတော့ သူ့အတွက်ရည်စူးကုသိုလ်တွေပြုလုပ်ပေးနေဆဲဖြစ်ပါတယ်။ ရေမွန်တစ်ယောက်လည်း မိသားစုတွေပြုပေးသမျှ ကုသိုလ်တွေကို ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်စွာသာဓုခေါ်ဆိုနေမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar ‘s fb

error: Alert: Content is protected !!