အစာအိမ်ကင်ဆာရောဂါအဆင့်(၄) ခံစားနေရတဲ့ အဒေါ်ရဲ့ အသက်ကို ဆွဲဆန့်နိုင်ဖို့အတွက် ပရိသတ်ကိုအကူအညီတောင်းလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ တစ်ချိန်က မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများအောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဥက္ကာမင်းမောင်ဟာ နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး ပရိသတ်တွေနဲ့သာမက သူချစ်တဲ့မိသားစုနဲ့လည်း ဝေးကွာသွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဥက္ကာမင်းမောင်က သူ့ရဲ့အမေတစ်ယောက်လိုချစ်ရတဲ့ အဒေါ်ရဲ့ အစာအိမ်ကင်ဆာ အဆင့် (၄) အတွက် ပရိသတ်တွေအတွက် အကူအညီတောင်းခံလာတာကို တွေ့ရပါတယ်။

ဥက္ကာမင်းမောင်က “အမြဲတပူပေါ် တပူဆင့်.. သြော် လောကကြီးရယ်.. ကျွန်တော်ချစ်ရသော အဒေါ်..အမေကလဲ ကင်ဆာရောဂါကို အံတုနေချိန် အမေ့ရဲ့ညီမအရင်း အစာအိမ်ရောဂါ stage 4 ခံစားနေရတာ အခုလက်ရှိဆေးရုံမှာပါ.. အစားလဲ မဝင်ဘူး..ကြက်ဥကာကျက်တလုံးတောင်မဝင်ဘူးတဲ့.. ကြာသပတေးနေ့ ခွဲစိတ်ရမယ်ပြောပါတယ်..အစာအိမ်ကင်ဆာရေဖျဉ်းဖြစ်လို့ ရေတွေဖောက်ထုတ်ရတာ ၉ ပုလင်းထွက်တယ်.. ဒီအစာအိမ်ကင်ဆာရောဂါနဲ့ပက်သက်တဲ့ အတွေ့အကြုံရှိထားသူများ အကြံဉာဏ်ကောင်းများ ရှိရင် ပြောပြပေးကြပါ.. ဘယ်လိုနည်းနဲ့ ဘယ်လို ဘယ်နေရာ ဘယ်ဆေးရုံမှာ ကုသရင် အမြန်ဆုံး သက်သာလာနိုင်မလဲ သိရင် ပြောပြပေးပါခင်ဗျာ.. ငွေကြေးလဲ အရမ်း အကုန်အကျမများမယ့် နေရာပေါ့…နိုင်ငံခြားမှာကုသတာပိုအဆင်ပြေမယ်ဆိုရင်လဲ ကင်ဆာကုတာထိရောက်ပြီး စရိတ်စက သက်သာကောင်းမွန်တဲ့နေရာများရှိရင် ပြောပြပေးကြပါ.. အတွေ့အကြုံများရှိရင် ပြန်လည်မျှဝေပေးပါခင်ဗျာ..((comment box မှာရေးပေးပါ..တိုက်ရိုက်message မပို့ပါနဲ့.. စာတွေ အမြဲမစစ်ဖြစ်လို့ပါ..)) အခုအချိန်မှာ အသက်ကို ပိုဆွဲဆန့်နိုင်ဖို့ ပြန်လည်ကောင်းမွန်လာဖို့ ပိုအရေးကြီးလို့ပါ..ကျွန်တော့်ချစ်ရသောအဒေါ် အမြန်ဆုံးပြန်လည်သက်သာလာပါစေ ဆုတောင်းပါတယ်.. စိတ်ထဲတော်တော်မကောင်းဘူး..” ဆိုပြီးပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူ့အဒေါ်ရဲ့ အစာအိမ်ကင်ဆာရောဂါကို ကုသနိုင်ဖို့ ထိရောက်ပြီး စရိတ်စကသက်သာတဲ့ ဆေးရုံဆေးခန်းတွေကို ပြောပြဖို့ ပရိသတ်တွေရဲ့ အတွေ့အကြုံတွေနဲ့ အကူအညီတွေကို တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Min Maung ‘s fb

error: Alert: Content is protected !!