အင်းလေးကန်ရေပြင်ကြီးမှာ ဘုရားဖူးရင်း ပျော်ရွှင်စွာလျှောက်လည်နေခဲ့ကြတဲ့ နေတိုးတို့ဇနီးမောင်နှံနဲ့ ကျော်ကျော်ဗိုတို့ဇနီးမောင်နှံ

နာမည်ကြီးထိပ်တန်းမင်းသားတွေဖြစ်ကြတဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့က အနုပညာနယ်ပယ်ထဲမှာ ကျင်လည်နေကြသူတွေဖြစ်သလို သူငယ်ချင်းလို ညီအစ်ကိုလို ရင်းနှီးကြသူတွေလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုနဲ့ နေတိုးတို့ဟာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကို အတူတူရိုက်ကူးကြသလို နှင်းဆီအငြိမ့်အဖွဲ့မှာလည်း ပါဝင်ကြတဲ့ အနုပညာညီအစ်ကိုတွေပဲဖြစ်ပါတယ်။ ရိုက်ကူးရေးတွေမရှိချိန်မှာလည်း နေတိုးနဲ့ ကျော်ကျော်ဗိုတို့က အတူသွား အတူစားရင်း အချိန်ကုန်ဆုံးတတ်ကြတာပဲဖြစ်ပါတယ်။

ကျော်ကျော်ဗိုကတော့ အိမ်ထောင်ပြုပြီးသာနှစ်အတော်ကြာခဲ့ပြီဆိုပေမယ့် နေတိုးကတော့ ပြီးခဲ့တဲ့လအနည်းငယ်ကမှ လက်ထပ်ပြီးခဲ့တာပဲဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ကြင်စဦးအိမ်ထောင်သည်ဘဝလေးကိုဖြတ်သန်းနေပြီး ချစ်ဇနီးနဲ့ ခရီးတွေထွက်နေသလို ကျော်ကျော်ဗိုတို့ ဇနီးမောင်နှံဟာလည်း နေတိုးတို့နဲ့အတူတူ ခရီးတွေလိုက်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နေတိုးက သူတို့ဇနီးမောင်နှံနဲ့ ကျော်ကျော်ဗိုတို့ ဇနီးမောင်နှံရဲ့ အင်းလေးကန်ရေပြင်ကြီးဆီ လည်ပတ်ခဲ့တဲ့ အမှတ်တရတွေကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

နေတိုးတို့ ဇနီးမောင်နှံနဲ့ ကျော်ကျော်ဗိုတို့ ဇနီးမောင်နှံကတော့ အင်းလေးဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမြှော်ရင်း အင်းလေးကန်ရေပြင်ကြီးမှာ လည်ပတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nay Toe’s fb

error: Alert: Content is protected !!