အင်းစိန်ထောင်အတွင်းမှာ ခင်မင်ခဲ့ရတဲ့ အခန်းဖော်နဲ့ ကျန်ခဲ့တဲ့အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့တဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ သူမရဲ့ ထူးခြားတဲ့အသံလေးနဲ့ ကောင်းမွန်တဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုပိုဟာ သီချင်းဆိုလည်းကောင်းမွန်သလို ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးလည်း ကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံရေးလှုပ်ရှားမှုနဲ့ မတရားအကျဉ်းချခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုပိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့မှာတော့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လည်လွတ်မြောက်ပေးခဲ့ပြီး ပိုပိုကလည်း သူမနဲ့ ခင်မင်ခဲ့ရသူတွေအားလုံးကိုလည်း ပြန်လည်လွတ်မြောက်စေလို့ကြောင်း ပြောပြလာပါတယ်။ ပိုပိုက “ပိုချစ်ရတဲ့သူ အခန်းဖော်တွေရော အနုပညာရှင်တွေရော အထဲကျန်ခဲ့တဲ့သူတွေအားလုံး အိမ်ပြန်ခွင့်ရကြပါစေ ရင်ခုန်စွာ ဆုတောင်း စောင့်မျှော်နေပါတယ်ရှင်” ဆိုပြီး ပြောပြလာပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့မှာတော့ နိုင်ငံကျော်သရုပ်ဆောင် ဆင်မ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး (၅၀၅) က နဲ့ ဝရမ်းထုတ်ခံထားရတဲ့ သရုပ်ဆောင် အနုပညာရှင်တွေကိုလည်း ဖြေလျော့ပေးခဲ့တယ်လို့ သိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Po Po’s fb

error: Alert: Content is protected !!