အင်တာဗျူးအဟောင်းကိုပြန်တင်ပြီး အချင်းချင်းအားနာရအောင်လုပ်တဲ့ မီဒီယာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ မေမီကိုကို

သရုပ်ဆောင်မေမီကိုကိုကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း “ပျားရည်အိုင်” ဇာတ်လမ်းတွဲက မြိုင် ဆိုတဲ့ ဇာတ်ရုပ်နဲ့ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မေမီကိုကိုဟာ အခုဆိုရင် ဇာတ်လမ်းတွဲတွေများစွာမှာ သရုပ်ဆောင်နေလျက်ရှိပြီး အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲရိုက်ကူးဖို့ရှိတဲ့ မေမီကိုကိုဟာ ဒီကနေ့မှာတော့ သူမအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ရကြောင်းပြောလာပါတယ်။

မေမီကိုကိုက ဘယ်တော့မှဖြတ်လမ်းမလိုက်ခဲ့ဘူး လို့ ခေါင်းစဉ်တပ်ထားတဲ့ အင်တာဗျူးဗီဒီယိုကို ပြန် Share ပြီး “ဒါဖြေထားတာလွန်ခဲ့တဲ့လကတည်းကပါ။ ကိစ္စတစ်ခုကို အစအဆုံးမသိပဲ ဟိုကတစ်စ ဒီကတစ်စတွေကို ထင်ရာတွေမမှန်းကြပါနဲ့တော့။ ဒါကို ပွဲ ပွဲ နဲ့.. ဒီမှာ အားနာစရာရှိတဲ့သူတွေကို အားနာကြပါဦး။ (‘ဒီလိုပြောရင် ပန်းနုသွေးလုပ်တယ်ပြောဦးမယ်။ စိတ်ချမ်းသာတယ်ဆိုလည်း ထင်ချင်သလိုထင်)” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်။

မေမီကိုကိုကတော့ လက်ရှိမှာ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတာမို့ အခုလို ခေါင်းစဉ်တွေနဲ့ အင်တာဗျူးဗီဒီယိုတွေတင်တဲ့အခါမှာ အထင်လွဲမှားမှုတွေဖြစ်ပေါ်လာနိုင်တာမို့ အခုလိုပဲ ရှင်းရှင်းလင်းလင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May Mi Ko Ko ‘s fb

error: Alert: Content is protected !!