အချိန်အကြာကြီး အဆက်အသွယ်ပြတ်တောက်နေတဲ့အတွက် ပရိသတ်တွေကို မေးခွန်းလေးတစ်ခုမေးလာခဲ့တဲ့ ဖွေးဖွေး

ပရိသတ်တွေ ချစ်ကြတဲ့ ဖွေးဖွေးကတော့ အနုပညာနဲ့ ပက်သတ်ရင် အားကြိုးမာန်တက် ကြိုးစားသူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် အကယ်ဒမီ သုံးဆုတိတိကို ဆွတ်ခူးရရှိထားတဲ့ ဖွေးဖွေးက သူမဝါသနာပါ မြတ်နိုးတဲ့ သီချင်းတွေကိုလည်း သီဆိုပြီး အနုပညာရပ်ဝန်းအသီးသီးမှာ အောင်မြင်မှုတွေကို ထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖွေးဖွေးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အနုပညာအလုပ်တွေကို တစ်နှစ်ကျော်ရပ်နားခဲ့ပြီး ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေရှေ့ထွက်ပေါ်မလာသေးတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖွေးဖွေးက သူမကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ဓာတ်ပုံဟောင်းလေးတစ်ခုကို ပရိသတ်တွေဆီ မျှဝေကာ သူမကိုလွမ်းလားလို့မေးခွန်းထုတ်ရင်း “တချို့ရက်တွေမှာ ဘဝကို အစကနေပြန်လည်ရောက်ရှိစေချင်ပါတယ်…. အရာရာကိုနှစ်ခါပြန် ခံစားကြည့်ရုံပါပဲ။” ဆိုပြီး ပြောလာပါတယ်။ ပရိသတ်ကြီးအတွက် ဖွေးဖွေးရဲ့ ချစ်စရာဓာတ်ပုံလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ ပြီးခဲ့တဲ့နှစ်တွေဟာ သူမဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဖြစ်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိလည်း အရင်လို အဆင်ပြေစွာရပ်တည်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဖွေးဖွေးကိုချစ်တဲ့ ပရိသတ်တွေကတော့ ဖွေးဖွေး ဘာပဲဖြစ်နေပါစေ ချစ်ပေး အားပေးကြဖို့ အဆင်သင့်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phway Phway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!