အချိန်ကာလအတော်ကြာ စိတ်ဓာတ်ကျနေခဲ့တာကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ အိစိကွေးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပါ။ အိစိကွေးကတော့ အခုဆိုရင် လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ စိတ်ပင်ပန်းမှုတွေများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အိစိကွေးဟာ ဒီကနေ့မှာတော့ သူခံစားခဲ့ရတဲ့ စိတ်ကျန်းမာရေးအခြေအနေအကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။

“Mental Health နဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံတွေ့ခဲ့တာကို Share ပေးချင်တယ်။ အဲ့တုန်းက ကျွန်တော် ရန်ကုန်နဲ့ဝေးနေခဲ့တာ လနဲ့ချီခဲ့တာပေါ့။ ပုံမှန် ရန်ကုန်မှာဆို သိပ်မသိသာပေမယ့် ကိုယ့်နေရပ်မဟုတ်တဲ့နေရာမှာ တစ်ယောက်တည်းလာနေရတော့ Mental ပိုင်းမှာ သိသိသာသာ ဆိုးရွားလာတယ်။ ငယ်ငယ်တည်းက ခံစားခဲ့ရတဲ့ Trauma တွေ အရင်တည်းက မျိုသိပ်ထားတဲ့ အဆင်မပြေမှုတွေ , အားနည်းချက်ကြောင့် ရလာတဲ့ Trauma တွေ , ရောက်နေခဲ့တဲ့နေရာကို ရောက်ကတည်းကဖြစ်လာတဲ့ တစ်နေ့တာ အဆင်မပြေတာတွေ , လူမှုရေး အဆင်မပြေမှုတွေ , Homesick ဖြစ်တာရော , အထူးသဖြင့် Breakup effects တွေကြောင့် အခြေအနေတွေက ပိုဆိုးခဲ့တယ်။ နေ့တိုင်းနီးပါး စိတ်ဓာတ်တွေကျနေခဲ့တယ်။သူများတွေအရှေ့မှာ ဟန်ဆောင်ပြီး ရယ်ရယ်မောမောနေပြီး ခံစားနေရတာတွေကို ဖုံးကွယ်ပြီး နေခဲ့တယ်။ ဘယ်သူမှ မသိအောင် ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ကြိတ်ခံစားပြီး ပြိုလဲနေခဲ့တာ။ ”

“ဘယ်လောက်လောက်ပဲ သူများရဲ့ စိတ်ဝင်စားမှုကို ခံရခံရ , အချစ်မခံရတဲ့ လူတစ်ယောက်လိုပဲ ခံစားခဲ့ရတယ်။ ဘယ်လောက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါစေဦး စိုးရိမ်ပူပန်မှုတွေက အမြဲ ခေါင်းထဲရောက်လာတာမျိုး။ လူကြားထဲမှာ ရောက်နေပေမယ့် ကိုယ်တစ်ယောက်တည်းလိုပဲ အထီးကျန်မှုတွေ ခံစားခဲ့ရတယ်။ ရှင်သန်နေရတဲ့ဘဝကြီးက ပျော်စရာမရှိတော့တာမျိုးတွေ အရာရာကို စိတ်တိုင်းမကျတာတွေ ဘာမှ မဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာ အရမ်း Sensitive ဖြစ်လာတယ် ဒေါသတွေကြီးလာတယ်, ကြမ်းတမ်းလာတယ်။ ဒါတွေကို သတိထားမိတဲ့အချိန်မှာ ကိုယ်ပိုင်နည်းတွေ Google ခေါက်ပြီးရလာတဲ့ နည်းတွေနဲ့ပြင်ကြည့်တယ် ခဏလောက်အဆင်ပြေပေမယ့် ကြာကြာမခံပါဘူး”

“အဲ့တာနဲ့ Individual Counseling Session ယူခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်နဲ့ Counsellor တို့အတူတူ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ အတူတူတိုင်ပင်ဆွေးနွေးရင်းနဲ့မှ ရလာတဲ့ ကျွန်တော်နဲ့ သင့်တော်မယ့် နည်းလမ်းတွေ / ဖြစ်နိင်မယ့်နည်းလမ်း တွေကို ကျွန်တော် ရွေးချယ်ပြီး အဲ့အတိုင်းလိုက်နာကြည့်တယ်။ ထူးထူးခြားခြားနေလို့ကောင်းလာတယ်။ တစ်နေ့ကို အားကစား ၁ နာရီခွဲလုပ်ဖြစ်တယ်။ တစ်ယောက်တည်း Hiking လုပ်ဖြစ်တယ်။ စိတ်ညစ်လာတာ အတွေးတွေက စကြီးစိုးလာပြီဆို Calm Down ဖြစ်စေတဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ Motivation ဖြစ်စေတဲ့ , Mental Healthနဲ့ ပတ်သက်တဲ့ Podcast တွေ နားထောင်တယ်။ Meditation လုပ်တယ်။ Past က ကိစ္စတွေကို မဆွဲထားတော့ဘူး။ Future အတွက်ကိုလည်း အရမ်း မပူပန်တော့ပဲ Present မှာ ကောင်းကောင်း Enjoy လုပ်တယ်။ ကောင်းမွန်စွာနေတယ်။ အရာရာကို မျှော်လင့်ချက်ကြီးတွေနဲ့ ကိုစိတ်ကို အကျဉ်းမချဖြစ်တော့ဘူး။ ဖြစ်နေတဲ့ Reality ကို လက်ခံလိုက်တယ်။ ကျွန်တော် အဆင်ပြေလာတယ်”

“အဲ့တာကြောင့် ပြောချင်တာကတော့ ဘယ်သူမဆို လူငယ်ဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ဖြစ်ဖြစ် Mental ပိုင်းနဲ့ အကူအညီလိုနေပြီဆိုရင် ဒီတိုင်းမနေပါနဲ့ စိတ်ကျန်းမာရေးအတွက် ရှာဖွေ ကုသပါ။ Its okay.. အရင်က စိတ်ကျန်းမာရေးဆရာဝန်/ Counsellor နဲ့ ပြတယ်ဆို ဒီကောင်ရူးနေတာလားဆိုတဲ့ အတွေးတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါကြီးကအမှားကြီးပါ။ ကိုယ့်မှာ ဖြစ်နေတဲ့ ခံစားချက် စိတ်အခြေအနေကို ထုတ်ဖော်ပြတာ ကုသတာ Its okay ဒါကကျန်းမာရေးကိစ္စပဲ ဘာမှ ပူစရာမလိုဘူး။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် လူ့ Society အသိုင်းအဝိုင်းက ကွဲပြားပေမယ့် အားလုံးမှာ စိတ်ကျန်းမာရေး ရှိတယ်။ဒါကြောင့် Mental Health အတွက် ကုသတာ အကူအညီ ရှာဖွေတာ ဒါတွေက ပုံမှန် အရာတစ်ခုပါပဲ ” ဆိုပြီး အိစိကွေးက ပြောလာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Eisi Kway ‘s fb

error: Alert: Content is protected !!