အချစ်ရဆုံး တစ်ယောက်တည်းရှိတဲ့အစ်မကို ချစ်ခြင်းအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သင်ဇာဝင့်ကျော်
နိုင်ငံကျော်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမရဲ့လွတ်လပ်ပေ့ါပါးပြီး ဟန်ဆောင်မှုမရှိတဲ့ပုံစံလေးကြောင့် ပရိသတ်တွေကြား ပိုပြီးနာမည်ကျော်သူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ဘဝကို လွတ်လပ်စွာအချုပ်အနှောင်ကင်းကင်းနေထိုင်တတ်ပေမယ့် သူမရဲ့မိသားစုကိုတော့ အရမ်းချစ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ မိသားစုတွေကိုချစ်ပြီး အမြဲတမ်းအလေးထားတဲ့ သင်ဇာဝင့်ကျော်ဟာ ဒီကနေ့ ဇွန်လ (၈) ရက်နေ့မှာကျရောက်တဲ့ သူမရဲ့ အစ်မအတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က သူမရဲ့ တစ်ဦးတည်းသောအစ်မ အေးချစ်ချစ်ကျော်အတွက် “Happy birthday my one & only sister 🎈🎉🎊🎁🎂 Love you till thLe end & will be here for you always ❤️❤️❤️ Wish you all the best 🙏🏼🥰🙏🏼”ဆိုပြီး သူမတို့ညီအစ်မနှစ်ယောက်ရဲ့ ငယ်ငယ်ကဓာတ်ပုံလေးတွေနဲ့တကွ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်တို့ ညီအစ်မတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မလိုရော သူငယ်ချင်းလိုရောပါ ချစ်ခင်ကြသူတွေပဲဖြစ်ပါတယ်။ သင်ဇာတို့ညီအစ်မတွေ အခုလိုပဲ အမြဲထာဝရပျော်ရွှင်စွာ ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thin Zar Wint Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!