အချစ်ရဆုံးအိမ်ဦးနတ်ခင်ပွန်းသည်ရဲ့ မွေးနေ့အတွက် ကုသိုလ်ကောင်းမှုတွေအများကြီးပြုလုပ်ပေးခဲ့တဲ့ ပိုးအိအိခန့်

မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ မင်းသမီချောလေး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအတွက် အထွေအထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။ အောင်သူနဲ့ ပိုးအိအိခန့်တိုဟာ အွန်လိုင်းပေါ်ကနေ ဖူးစာဆုံလက်ထပ်ခဲ့ကြပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြပြီပဲဖြစ်ပါတယ်။ ဒီကနေ့ မေလ (၂၂) ရက်နေ့ကတော့ အောင်သူရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

အောင်သူရဲ့မွေးနေ့လေးမှာ ပိုးအိအိခန့်ဟာ အိမ်သူဇနီးမယားပီသစွာ အိမ်က မြတ်စွာဘုရားမှာ ဓါတ်ကြီးလေးပါးဆွမ်းကပ်လှူပူဇော်ခြင်း၊ ပန်းအလှလေးတွေ ထိုးပြီး ကပ်လှူပူဇော်ခြင်းတို့ပြုလုပ်ခဲ့သလို နှင်းထမင်းဆိုင်က ဘဘကိုလည်း မထမင်းဘူး ဘူး (၁၀၀) အားပေးရင်း သံဃာတော်တွေကို ဆွမ်းကပ်ကုသိုလ်ယူခဲ့ပါတယ်။ ဒါ့အပြင် ပုဂံ အလိုတော်ပြည့်ဘုရားမှာ ထောပတ်ဆွမ်းတော် (၁၀၀၀)ပွဲလှူဒါန်းခြင်း၊ ပုပ္ပါးတောင်ကလပ်ရှိ အောင်မြေ ဆုတောင်းပြည့်ဘုရား၊ ကမ္ဘာလုံးစေတီဘုရား ၊ အဘဘိုးမင်းခေါင် နှင့် (၃၇)မင်းနတ်နန်းအတွက် ကန်တော့ပွဲပေးခြင်း၊ Y.G.W.ပရဟိတမိဘမဲ့ကျောင်း(သာပေါင်း)ဌာန၌ရှိသော ဆရာတော်များနှင့် သားငယ်.သမီးငယ်လေးများအား (တစ်နေ့တာဆွမ်းအဟာရဒါန)လှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အတွက် ပကာသနတွေထက် အလှူအတန်းတွေပြုလုပ်ပေးရင်း ကုသိုလ်တွေရအောင် ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဇနီးမယားပီသလွန်းတဲ့ ပိုးအိလေးကြောင့် အောင်သူကတော့ အိမ်ထောင်ကျကံကောင်းလွန်းတယ်လို့ဆိုနိုင်ပါတယ်နော်။


ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Ei Ei Khant ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






error: Alert: Content is protected !!