အချစ်ဆုံးသူငယ်ချင်း နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခြူးလေး

သရုပ်ဆောင်ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ကတော့ အနုပညာနယ်ပယ်မှာ ဇာတ်လမ်းတွဲမင်းသမီးတွေအဖြစ် နာမည်ကြီးသူတွေဖြစ်ပါတယ်။ ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ဟာ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးသလို ပြီးခဲ့တဲ့လကမှ ထုတ်လွှင့်ပြသခဲ့တဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း အတွဲညီညီသရုပ်ဆောင်ဖူးသူတွေပဲဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးတွေပီပီ အလုပ်တွေအတူတူတွဲလုပ်ဖူးသလို အပြင်မှာလည်း ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့က ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။

ဒီကနေ့ ဇွန်လ (၂၂) ရက်နေ့ကတော့ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ခြူးလေးကလည်း သူမရဲ့အချစ်ဆုံးသူငယ်ချင်း မွေးနေ့ရှင်လေး နန်းစန္ဒာလှထွန်းအတွက် “Happy Birthday 🎂🎊🎉🎁🎈 ချစ်သူငယ်ချင်းလေးရေ” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ရိုးရိုးရှင်းရှင်း မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ခြူးလေးကတော့ အချစ်ဆုံးသူငယ်ချင်း နန်းစန္ဒာလှထွန်းအတွက် သတိတရ မွေးနေ့ဆုတောင်းပေးခဲ့သလို နန်းစန္ဒာလှထွန်းကလည်း မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သူငယ်ချင်းအတွက် ကျေးဇူးတင်စကားပြောခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး ကြည်နူးနေမိမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chue Chue ‘s fb

error: Alert: Content is protected !!