အချစ်ဆုံးသားလေးဝတုတ်နဲ့အတူတူ ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် ဗီဒီယိုလေးတစ်ခုရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားစတိုင်ဒီဇိုင်းတွေနဲ့ သူ့ရဲ့ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ဘဝနေထိုင်မှုကို အပျော်အပါးတွေထက် သူချစ်တဲ့သူတွေနဲ့သာအချိန်ကုန်ဆုံးရင်း နေထိုင်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ပိုင်တံခွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်သူဖြစ်ပြီး သူချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့ အမြဲတမ်း တပူးပူးတတွဲတွဲရှိတတ်သူပါ။

မွေးထားတဲ့ကလေးတွေကိုလည်းချစ်သလို တိရစ္ဆာန်ချစ်တတ်တဲ့ ပရိသတ်တွေအတွက်လည်း ဗီဒီယိုလေးတွေအမြဲတမ်းတင်ပေးလေ့ရှိတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာလည်း သူအချစ်ဆုံးကြောင်လေးနဲ့အတူတူ ဗီဒီယိုလေးတစ်ခုကို အခုလိုပဲ မျှဝေလာပါတယ်။ ပိုင်တံခွန်ဟာ သူ့ရဲ့ကြောင်လေးဝတုတ်နဲ့အတူတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ သူ့ရဲပရိသတ်တွေကို ခဏတာစိတ်အမောပြေသွားအောင် ဟာသဗီဒီယိုလေးရိုက်ကူးပြီး မျှဝေပေးလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!