အချစ်ဆုံးငယ်သူငယ်ချင်း ဇေယျာသော်ရဲ့ သတင်းနဲ့ပတ်သက်ပြီး ရင်ထဲကခံစားချက်ကို ဖွင့်ဟလာခဲ့တဲ့ ရန်ရန်ချမ်း
ACID အဖွဲ့လို့ဆိုတာနဲ့ ရန်ရန်ချမ်း၊ ဇေယျာသော်၊ အနဂ္ဂ၊ ဟိန်းဇော်တို့ပါဝင်တဲ့ Hip Hop အဖွဲ့ကို သိပြီးသားဖြစ်မှာပါ။ ACID အဖွဲ့ဝင် ဟိန်းဇော်က (၂၀၀၆) ခုနှစ်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားခဲ့သလို ဒီကနေ့မှာလည်း ACID အဖွဲ့ဝင်တစ်ယောက်လည်းဖြစ် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ဟာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီလို့ စိတ်မကောင်းစွာ သိရပါတယ်။ သေဒဏ်ချမှတ်ခံထားရပြီးသား ဇေယျာသော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ မှာ အင်းစိန်ထောင်အတွင်းမှာပဲ ကြိုးမိန့်ပေးခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။
ဇေယျာသော်ရဲ့သတင်းနဲ့ပတ်သက်ပြီး အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် နှစ်တွေအကြာကြီး သီချင်းတွေအတူတူသီဆိုခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ရန်ရန်ချမ်းက သူ့ရဲ့ရင်ထဲက ခံစားချက်ကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။ “မဟုတ်ဘူးလို့ပဲမှတ်ထားတယ် ✊” ဆိုပြီး သူငယ်ချင်း ဇေယျာသော်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လက်မခံနိုင်သေးဘူးလို့ပြောလာပါတယ်။
ရန်ရန်ချမ်းက မဟုတ်ဘူးလို့ပဲ မှတ်ထားပေမယ့် ဇေယျာသော်ရဲ့ သတင်းကတော့ အမှန်တကယ်ဖြစ်သွားခဲ့ပြီးပြီဖြစ်ပြီး ဇေယျာသော်ရဲ့ ရုပ်အလောင်းကိုလည်း ကြိုးပေးပြီးပြီးချင်းမှာပဲ ရန်ကုန်မြို့ ထိန်ပင်သုဿန်မှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေချစ်တဲ့ အဆိုတော်ကြီးလည်းဖြစ်သလို ပြည်သူလေးစားရတဲ့သူရဲကောင်းကြီးလည်းဖြစ်တဲ့ ဇေယျာသော်တစ်ယောက် ကောင်းရာဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Yan Yan Chan’s fb