အခုချိန်ထိ ဒါရိုက်တာဏကြီးလို လုပ်ဆောင်ချက်မျိုး မလုပ်နိုင်သေးဘူးလို့ ရိုးသားစွာဝန်ခံလာတဲ့ ကိုပေါက်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ သူ့ရဲ့စိတ်နဲ့ခန္ဓာကို အရေးတော်ပုံအတွက် နှစ်မြှုပ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ချစ်တဲ့အနုပညာအလုပ်တွေကိုစွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ နေထိုင်နေတဲ့ ကိုပေါက်ဟာ ဒီကနေ့မှာတော့ သူ့လိုပဲ ပြည်သူအတွက်အနစ်နာခံရင်း တိမ်းရှောင်နေရတဲ့ ဒါရိုက်တာဏကြီးနဲ့ပတ်သက်ပြီး ပြောလာပါတယ်။

ကိုပေါက်က ဒါရိုက်တာဏကြီးရိုက်ကူးတဲ့ တော်လှန်ရေးဇာတ်ကားဖြစ်တဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုအကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ပြီး “ကျနော် သူ့လို အခုချိန်ထိ မလုပ်နိုင်သေးဘူး။ သူလုပ်နိုင်ခဲ့တယ်။ စိတ်ကူးတွေ ရှိပေမယ့် ကျနော်လက်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ ကျနော် သူ့ကို လေးစားတယ်။ သူဆိုတာ ဒါရိုက်တာ ဏကြီး ပါ။” ဆိုပြီး ဒါရိုက်တာဏကြီးကို လေးစားကြောင်း ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

ကိုပေါက်ကတော့ သူကိုယ်တိုင်လည်း ဇာတ်ကားတွေရိုက်ကူးနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့် သူမလုပ်နိုင်တဲ့အရာတစ်ခုကို လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာဏကြီးကို လေးစားကြောင်း ဖွင့်ပြောဖို့ ဝန်မလေးတဲ့ နှလုံးသားလှသူတစ်ယောက်ပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aung Min Naing ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အခုခ်ိန္ထိ ဒါ႐ိုက္တာဏႀကီးလို လုပ္ေဆာင္ခ်က္မ်ိဳး မလုပ္ႏိုင္ေသးဘူးလို႔ ႐ိုးသားစြာဝန္ခံလာတဲ့ ကိုေပါက္

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို ဒါ႐ိုက္တာတစ္ေယာက္လည္းျဖစ္တဲ့ ကိုေပါက္ကေတာ့ လက္ရွိျမန္မာ့ႏိုင္ငံေရးအေျခအေနမွာ သူ႔ရဲ႕စိတ္နဲ႔ခႏၶာကို အေရးေတာ္ပုံအတြက္ ႏွစ္ျမႇဳပ္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ နာမည္ႀကီးအႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ ခ်စ္တဲ့အႏုပညာအလုပ္ေတြကိုစြန႔္လႊတ္ၿပီး လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနတဲ့ ကိုေပါက္ဟာ ဒီကေန႔မွာေတာ့ သူ႔လိုပဲ ျပည္သူအတြက္အနစ္နာခံရင္း တိမ္းေရွာင္ေနရတဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔ပတ္သက္ၿပီး ေျပာလာပါတယ္။

ကိုေပါက္က ဒါ႐ိုက္တာဏႀကီး႐ိုက္ကူးတဲ့ ေတာ္လွန္ေရးဇာတ္ကားျဖစ္တဲ့ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုအေၾကာင္းကို သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ Share ၿပီး “က်ေနာ္ သူ႔လို အခုခ်ိန္ထိ မလုပ္ႏိုင္ေသးဘူး။ သူလုပ္ႏိုင္ခဲ့တယ္။ စိတ္ကူးေတြ ရွိေပမယ့္ က်ေနာ္လက္ေတြ႕ အေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘူး။ က်ေနာ္ သူ႔ကို ေလးစားတယ္။ သူဆိုတာ ဒါ႐ိုက္တာ ဏႀကီး ပါ။” ဆိုၿပီး ဒါ႐ိုက္တာဏႀကီးကို ေလးစားေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာလာပါတယ္။

ကိုေပါက္ကေတာ့ သူကိုယ္တိုင္လည္း ဇာတ္ကားေတြ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ေပမယ့္ သူမလုပ္ႏိုင္တဲ့အရာတစ္ခုကို လုပ္ႏိုင္ခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးကို ေလးစားေၾကာင္း ဖြင့္ေျပာဖို႔ ဝန္မေလးတဲ့ ႏွလုံးသားလွသူတစ္ေယာက္ပါပဲ။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Aung Min Naing ‘s fb

error: Alert: Content is protected !!