အခက်အခဲတွေရင်ဆိုင်ရတိုင်း စိတ်ဓာတ်ကျပြီး ငိုယိုနေလည်း အမေ့ကင်ဆာရောဂါက ပြန်ကောင်းသွားမှာမဟုတ်ဘူးလို့ ရင်ဖွင့်လာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ အနုပညာရှင်တွေထဲက ရှားရှားပါးပါး LGBT ချစ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပြီး အချုပ်အနှောင်ကင်းကင်းနေတတ်သူတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာ မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် စိတ်ဓာတ်ကျနေတဲ့ဥက္ကာမင်းမောင်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်လာပါတယ်။

ဥက္ကာမင်းမောင် “ကျွန်တော့်ဘဝမှာ အခက်အခဲဆုံးအချိန်ပေါင်းများစွာကို အရှုံးမပေးတဲ့စိတ်နဲ့ ကျော်ဖြတ်ခဲ့ဖူးတယ်..ဘယ်လောက်ပဲဆိုးရွားတဲ့ အခြေအနေကို ကျော်ဖြတ်ခဲ့ရပါစေ လက်ရှိ ရှောင်လွှဲလို့ မရပဲ ကြုံတွေ့နေရတဲ့ မိသားစု အခက်အခဲက ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေနဲ့ ယှဉ်ရင် ဒီတခါ အဆိုးဆုံးပါပဲ.. တပါတ်လုံး စိတ်ညစ်စိတ်ဓါတ်ကျ ငိုယို ငူငေါင် နေတာ.. အဲ့လို နေနေလို့လဲ ကင်ဆာကြီးက သူ့အလိုလို ပြန်ကောင်းသွားမှာမဟုတ်ဘူးလေ.. ငါ့အမေ ကင်ဆာ stage 4 အခြေအနေမရောက်ခင် ကုနိုင်ဖို့အတွက် ငါကြိုးစားရမယ်ဆိုတဲ့ စိတ်ကို အားတင်းရင်း ကျွန်တော် အလုပ်တွေပိုလုပ်ပါမယ်.. စာအုပ်လဲ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားပါမယ်.. စိတ်ဓါတ်ခွန်အားပေးပြီး အားပေးကြသူများ တယောက်ချင်းကို ကျေးဇူးအထူးတင်ရှိပါတယ်..” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ကတော့ အခက်အခဲတွေရင်ဆိုင်ရတိုင်း စိတ်ဓာတ်ကျပြီး ငိုယိုနေလည်း အမေ့ကင်ဆာရောဂါက ပြန်ကောင်းသွားမှာမဟုတ်ဘူးလို့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးချုပ်ငြိမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Min Maung’s fb

error: Alert: Content is protected !!