အကယ်ဒမီဆုရှင်မင်းသမီးဆိုပေမယ့် အစ်မတွေနဲ့ပတ်သက်လာရင် ပရိသတ်တစ်ယောက်ပြန်ဖြစ်သွားတဲ့ စိုးပြည့်သဇင်

ချိုသာတဲ့ အပြုံးလေးတွေနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ စိုးပြည့်သဇင်ကတော့ ကလေးဘဝကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့သူမို့ အနုပညာအရည်အချင်းမှာတော့ ဝါရင့်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ စိုးပြည့်သဇင်ကတော့ အနုပညာ သက်တမ်း ဆယ်စုနှစ်ကျော်အတွင်းမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

အကယ်ဒမီ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ရဲ့ ညီမဖြစ်တဲ့ စိုးပြည့်သဇင်ဟာ ကိုယ်တိုင်နာမည်ကြီးမင်းသမီးဖြစ်ပေမယ့် အစ်မတွေနဲ့ပတ်သက်ရင်တော့ ပရိသတ်တစ်ယောက်လို ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒီတစ်ခါမှာလည်း စိုးပြည့်သဇင်က အစ်မဖြစ်သူစန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘုတ်ပိုစ့်အောက်မှာ ပရိသတ်တစ်ယောက်လိုမျိုး “လှလိုက်တာ…😍” ဆိုပြီးကောမန့်ပေးခဲ့တာကို တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ အစ်မတွေကိုအရမ်းချစ်သူဖြစ်ပြီး အစ်မတွေကလည်း စိုးပြည့်လေးကို အငယ်ဆုံးလေးမို့ အချစ်ပိုကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ရဲ့ ဆက်ဆံရေးလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sandy Myint Lwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!