အကယ်ဒမီကျော်သူရဲ့ ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့ ဈာပနကိုလိုက်ပါပို့ဆောင်ပေးခဲ့တဲ့ မေမြင့်မိုရ်၊ ထွန်းကိုကို၊ သျှင်းမြတ်၊ ရွှေပိုးအိမ်နဲ့ ထက်အဉ္ဇလီ

နိုင်ငံကျော်မင်းသားကြီး အကယ်ဒမီများရှင်ကျော်သူကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံရပ်ခြားမှာရွှေ့ပြောင်းနေထိုင်နေရတာပဲဖြစ်ပါတယ်။ ကျော်သူရဲ့ဖခင်ဖြစ်သူ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ဟာ ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကျော်သူဟာ သူ့ဖခင်ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီကနေ့ မတ်လ (၅) ရက်နေ့မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နာယကကြီးဖြစ်တဲ့ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့ ဈာပနအခမ်းအနားကို မနက် ၉ နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာကျင်းပပြုလုပ်ခဲ့ပြီး ကျော်သူရဲ့ တပည့်ရင်းတွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ မေမြင့်မိုရ်၊ သျှင်းမြတ်၊ ရွှေပိုးအိမ်၊ ထက်အဉ္ဇလီနဲ့ ဇွဲလရောင်တို့က လိုက်ပါပို့ဆောင်ပေးခဲ့တာကိုတွေ့ရပါတယ်။

ကျော်သူကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက တိမ်းရှောင်နေရတာဖြစ်ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရှေ့မှောက်ကိုထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဘဘဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: နာရေးကူညီမှုအသင်း-ရန်ကုန် ‘s fb

error: Alert: Content is protected !!