ဟော့ပေါ့ဆိုင်လာအားပေးတဲ့စားသုံးသူကို မိုက်ရိုင်းစွာဆဲဆိုရိုက်နှက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုပြန်လည်မျှဝေပြောပြလာတဲ့ မိုးမိုး

အဆိုတော်မိုးမိုးကတော့ တချိန်က နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ အစပိုင်းမှာတော့ ပြည်သူတွေဘက်ကရပ်တည်ပြပြီး ဆန္ဒထုတ်ဖော်ပွဲတွေမှာ လိုက်ပါခဲ့ပြီး နောက်ပိုင်းမှာတော့ အဆိုတော်ယုန်လေးနဲ့ပေါင်းကာ စစ်တပ်ထောက်ခံသူတစ်ယောက်ဖြစ်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဖယ်ကျဉ်ခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ မိုးမိုးဟာ အဆိုတော်အလုပ်အပြင် သူ့ရဲ့ဇနီးနဲ့ ပြင်ဦးလွင်မြို့မှာ ဟော့ပေါ့ဆိုင်ဖွင့်လှစ်ထားပြီး ပြီးခဲ့တဲ့ရက်က ပြင်ဦးလွင်မြို့ရဲ့ မေမြို့ဟစ်တိုင် Group မှာ ဟော့ပေါ့ဆိုင်လာအားပေးတဲ့စားသုံးသူကို မိုက်ရိုင်းစွာဆဲဆိုရိုက်နှက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးမိုးကို မေမြို့ဟစ်တိုင်မှာ ရေးသားထားတဲ့ စားသုံးသူက သူကိုယ်တိုင်ပြန်လည်ဖြေရှင်းလာတာကို တွေ့ရပါတယ်။ ထိုလူက “ကျနော်က ကိုမိုးနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အကြောင်းကို မေမြို့ဟစ်တိုင်မှာ တင်လိုက်မိတဲ့သူကိုယ်တိုင်ပါ။ ဒေါသအလျောက်တင်မိတာပါ။ တင်ပြီးလို့ နာရီပိုင်းအတွင်းမှာပဲ ပြေလည်သွားလို့ အားလုံး ပြန်ဖျက်လိုက်ပါတယ်။ အဲ့ဒီအတောအတွင်းလေးကို SS တွေ ရအောင်ယူသွားကြတယ်ဗျာ။ နားလည်မှုလွဲပြီးဖြစ်တဲ့ပြဿနာပါဗျာ။ အစအနောက်သန်တဲ့ ကျနော့်သူငယ်ချင်းတွေက ကြားအောင်တစ်မျိုး မကြားအောင်တစ်မျိုး နားမခံသာအောင် စနောက်မိရာက ကိုမိုးဒေါသထွက်ပြီး စကားများကြတာပါ။ တချို့ အဆင့်မရှိတဲ့မီဒီယာတွေက ရိုက်နှက်တယ်လို့တောင် ရေးကြတယ်ဗျာ။ ရိုက်နှက်တယ်လို့လဲ ကျနော်မရေးမိပါဘူး။ ပုံကြီးတွေ မချဲ့ကြပါနဲ့ဗျာ။ ပန်းချီကားနဲ့ ပေါက်တယ်ဆိုတာကလဲ နားလည်မှုလွဲတာပါ CCTV ပြန်ကြည့်တော့ ပေါက်တာမဟုတ် လက်ကလွတ်ကျသွားတာပါ။ နှစ်ဦးနှစ်ဖက် လွန်တာရှိရင် တောင်းပန်စကားပြောကြဆိုကြပြီး အဲဒီနေ့ကတည်းက ပြေလည်ပြီးသားကိစ္စကို အကျယ်ချဲ့ပြီး မလုပ်သင့်ပါဘူးဗျာ။ မတရား သတင်းအနေနဲ့ တင်ထားတဲ့သူများလဲ ပြန်ဖျက်ပေးပါဗျာ။ ပုံက ခုမနက်မှ ရိုက်ထားတဲ့ပုံပါ” ဆိုပြီး ဖြေရှင်းလာပါတယ်။

မိုးမိုးကလည်း နားလည်မှုရရှိသွားခဲ့ပြီဖြစ်တဲ့ အဆိုပါစားသုံးသူရဲ့ ပိုစ့်ကို ပြန်လည်မျှဝေကာ “ကျနော်က အဲ့လောက်ဖြစ်မယ် မထင်ဘူး အစ်ကိုတဲ့။ ညီလေးရေ သူတို့က သူတို့ page လူသိဖို့ဆိုရင် ဘာမဆို လုပ်ကြမှာဟ” ဆိုပြီး ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Moe Sithu Kyaw’s fb

error: Alert: Content is protected !!