ဟိုတယ်ကသဘက်မေ့ပြီးယူလာခဲ့ပုံကို သရုပ်ပြရင်း ပုဆိုးပါကွင်းလုံးကျွတ်မေ့ကျန်ခဲ့တဲ့ ဦးမိုးဒီရဲ့ ဗီဒီယို
လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးဒီကတော့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာရရှိခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ မိုးဒီက လတ်တလောမှာတော့ အနုပညာအလုပ်တွေထက် လူရွှင်တော်မိုးစက်နဲ့အတူတူ ပရဟိတအလုပ်တွေကူညီလုပ်ဆောင်ပေးနေရင်း ကုသိုလ်ရှာနေလျက်ရှိပါတယ်။
ဟာသသရုပ်ဆောင် လူရွှင်တော်ကြီးပီပီ ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်စေချင်တဲ့ ဦးမိုးဒီဟာ ဒီတစ်ခါမှာလည်း ဟိုတယ်ကသဘက်မေ့ပြီးယူလာခဲ့ပုံကို သရုပ်ပြရင်း အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။ ဦးမိုးဒီက ဟိုတယ်ကသဘက်ကြီး ပုဆိုးအောက်မှာခံပြီးဝတ်လာခဲ့ပုံကို သရုပ်ပြရင်း ဒီတစ်ခါမှာတော့ သူ့ရဲ့ပုဆိုးကြီးကိုပါ မေ့ကျန်ရစ်ခဲ့တာကို အခုလိုမျိုးချစ်စရာကောင်းစွာ တွေ့ရပါတယ်။
ဦးမိုးဒီကနေတာ့ ပရိသတ်တွေကို ပျော်စေချင်တဲ့အတွက် သူ့ရဲ့အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပုံကို ဗီဒီယိုလေးနဲ့တကွ ပြသလာတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေ့တတ်လွန်းတဲ့ ဦးမိုးဒီရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ်ဆိုတာ သေချာပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Moe Sat’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Moe Sat’s fb