ဟိုတယ်ကသဘက်ကြီးပတ်ပြီး မန္တလေးကနေ ရန်ကုန်ထိလိုက်လာခဲ့တဲ့ ဦးမိုးဒီရဲ့မေ့တတ်ပုံကို ပြောပြလာတဲ့ မိုးစက်

လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးဒီကတော့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာရရှိခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ မိုးဒီက လတ်တလောမှာတော့ အနုပညာအလုပ်တွေထက် လူရွှင်တော်မိုးစက်နဲ့အတူတူ ပရဟိတအလုပ်တွေကူညီလုပ်ဆောင်ပေးနေရင်း ကုသိုလ်ရှာနေလျက်ရှိပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဉာဏ်တွေကလည်း အရင်တွေမကောင်းတော့တဲ့ ဦးမိုးဒီဟာ ဒီတစ်ခါမှာလည်း ဟိုတယ်ကသဘက်ကြီးပတ်ပြီး မန္တလေးကနေ ရန်ကုန်ထိလိုက်လာခဲ့တယ်ဆိုတဲ့အကြောင်းကို လူရွှင်တော်မိုးစက်က အခုလိုပဲ ပြောလာပါတယ်။ “မေ့တတ်လိုက်ပုံများ ….🤣❤️ ဟိုတယ် က သဘက်ကို ရေချိုးပြီး ပါတ်ထားချိန် အောက်က လာကြိုတဲ့ကားရောက်နေပြီဆိုတော့ ကပြာကယာ အင်္ကျီ ဝတ် ၊ပုဆိုးဝတ်ပြီး ထွက်လာခဲ့ကြရော ။ ဟော ….အခုတော့ မန်းလေးဟိုတယ် ကသဘက် ရန်ကုန် အထိ ဖေကြီးဦးမိုးဒီ ဆီမှာ ပါလာပါပြီ ။🤣 ပါလာမှန်း မသိခင် အထိ ဘေးကနေ ကပ်ကြွားနေသေးတယ်။ “သား ..ဖေကြီးပုဆိုးက အသားအရမ်းထူတာ…” တဲ့ ။😂” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဦးမိုးဒီကတော့ မေ့တတ်ပုံနဲ့ ဟိုတယ်ကသဘက်ကြီးကို ရန်ကုန်ထိပတ်လာခဲ့ပြီး ရန်ကုန်ထိကားစီးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးမိုးဒီရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Moe Sat ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဟိုတယ္ကသဘက္ႀကီးပတ္ၿပီး မႏၲေလးကေန ရန္ကုန္ထိလိုက္လာခဲ့တဲ့ ဦးမိုးဒီရဲ႕ေမ့တတ္ပုံကို ေျပာျပလာတဲ့ မိုးစက္

လူ႐ႊင္ေတာ္ႀကီးတစ္ေယာက္လည္းျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ မိုးဒီကေတာ့ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကိုသာရရွိခဲ့တဲ့ ဝါရင့္အႏုပညာရွင္ႀကီးတစ္ေယာက္ပဲျဖစ္ပါတယ္။ မိုးဒီက လတ္တေလာမွာေတာ့ အႏုပညာအလုပ္ေတြထက္ လူ႐ႊင္ေတာ္မိုးစက္နဲ႔အတူတူ ပရဟိတအလုပ္ေတြကူညီလုပ္ေဆာင္ေပးေနရင္း ကုသိုလ္ရွာေနလ်က္ရွိပါတယ္။

အသက္အ႐ြယ္ရလာတာနဲ႔အမွ် မွတ္ဉာဏ္ေတြကလည္း အရင္ေတြမေကာင္းေတာ့တဲ့ ဦးမိုးဒီဟာ ဒီတစ္ခါမွာလည္း ဟိုတယ္ကသဘက္ႀကီးပတ္ၿပီး မႏၲေလးကေန ရန္ကုန္ထိလိုက္လာခဲ့တယ္ဆိုတဲ့အေၾကာင္းကို လူ႐ႊင္ေတာ္မိုးစက္က အခုလိုပဲ ေျပာလာပါတယ္။ “ေမ့တတ္လိုက္ပုံမ်ား ….🤣❤️ ဟိုတယ္ က သဘက္ကို ေရခ်ိဳးၿပီး ပါတ္ထားခ်ိန္ ေအာက္က လာႀကိဳတဲ့ကားေရာက္ေနၿပီဆိုေတာ့ ကျပာကယာ အက်ႌ ဝတ္ ၊ပုဆိုးဝတ္ၿပီး ထြက္လာခဲ့ၾကေရာ ။ ေဟာ ….အခုေတာ့ မန္းေလးဟိုတယ္ ကသဘက္ ရန္ကုန္ အထိ ေဖႀကီးဦးမိုးဒီ ဆီမွာ ပါလာပါၿပီ ။🤣 ပါလာမွန္း မသိခင္ အထိ ေဘးကေန ကပ္ႂကြားေနေသးတယ္။ “သား ..ေဖႀကီးပုဆိုးက အသားအရမ္းထူတာ…” တဲ့ ။😂” ဆိုျပီး ေျပာလာတာပဲျဖစ္ပါတယ္။

ဦးမိုးဒီကေတာ့ ေမ့တတ္ပံုနဲ့ ဟိုတယ္ကသဘက္ၾကီးကို ရန္ကုန္ထိပတ္လာခဲ့ျပီး ရန္ကုန္ထိကားစီးလာခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဦးမိုးဒီရဲ့ ျဖစ္ပံုကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Moe Sat ‘s fb

error: Alert: Content is protected !!