သွားလေသူ သူငယ်ချင်းရေမွန်အတွက် ရည်စူးပြီး ပရဟိတမိဘမဲ့ဂေဟာမှာ ငွေကျပ်သိန်း (၂၀) လှူဒါန်းခဲ့တဲ့ မေ

အဆိုတော်ရေမွန်နဲ့ သရုပ်ဆောင်၊ အဆိုတော် မေတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကတော့ နှစ်ပေါင်းများစွာ ခိုင်မာစွာ ချည်နှောင်ထားခဲ့တာပဲဖြစ်ပါတယ်။ ရေမွန်နဲ့ မေတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပီပီ သွားအတူစားအတူရှိကြသလို ရေမွန်ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း မေဟာ ရေမွန့်ကိုသတိရရင်း ရေမွန့်အတွက် ရည်စူးကုသိုလ်တွေများစွာ ပြုလုပ်ပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့ကတော့ ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်တိတိပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အတွက် မေနဲ့ သူငယ်ချင်းတစ်စုက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ ရေမွန့်ရဲ့နာမည်နဲ့ ငွေကျပ် သိန်း (၂၀) တိတိကို လှူဒါန်းပေးခဲ့ရင်း မေက “လောကဓံတွေကြား ပျော်ရင်း ဝမ်းနည်းရင်း ဖြတ်သန်းရင်းပါပဲ တွတ်ပီရေ…. ” ဆိုပြီး သူငယ်ချင်းကို သတိရကြောင်း ပြောလာပါတယ်။

မေကတော့ သူငယ်ချင်းရေမွန့်ကို သတိရရင်း ရေမွန့်အတွက် ရည်စူးပြီး မိဘမဲ့ကျောင်းမှာ သိန်း (၂၀) ကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ရေမွန်လည်း ချစ်တဲ့သူတွေပြုပေးတဲ့ ကုသိုလ်တွေကို ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May’s fb

error: Alert: Content is protected !!