သြစတေးလျနိုင်ငံ မဲဘ်ဘုန်းမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြည်သူတွေကြားထဲထွက်ပေါ်လာပြီး မိန့်ခွန်းပြောခဲ့တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ နိုင်ငံကျော်ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမယ့် မြန်မာ့နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ကိုင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အလိုရှိခြင်းခံနေရတဲ့ မင်းမော်ကွန်းဟာ မနှစ်ကတည်းက လွတ်မြောက်နယ်မြေမှာ ခိုလှုံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွေကို တွန်းတွန်းတိုက်တိုက် ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပြတ်သားပြီး ရပ်တည်ချက်ခိုင်မာတဲ့ မင်းမော်ကွန်းကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၃၀) ရက်နေ့မှာတော့ မင်းမော်ကွန်းဟာ သြစတေးလျနိုင်ငံ မဲဘ်ဘုန်းမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြည်သူတွေကြားထဲထွက်ပေါ်လာခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ဇူက ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာပြုလုပ်ရာမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့တာကို DVB သတင်းဌာနက အခုလိုပဲတင်ဆက်ထားပါတယ်။

မင်းမော်ကွန်းကတော့ ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပွဲကို တက်ရောက်ခဲ့တဲ့အကြောင်းအရင်းမှာ သူ့အနေနဲ့ သြစတေးလျနိုင်ငံကိုရောက်ရှိနေပြီဖြစ်တယ်ဆိုတာကို ပြည်သူကို အသိပေးချင်တဲ့အတွက်လည်းပါပါတယ်ဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့ပါသေးတယ်။ ပြည်သူချစ်တဲ့ မင်းသားကြီး တခြားနိုင်ငံကို အန္တရာယ်ကင်းကင်းထွက်သွားနိုင်ခဲ့တာကိုပဲ ပရိသတ်တွေက ဝမ်းသာလှပါပြီနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: SBS Radio Burmese & DVB TV News ‘s fb

error: Alert: Content is protected !!