သဲကုန်းဘက်မှာ စွန့်ပစ်ခံထားရတဲ့ ကလေးလေးဟာ အရေးပေါ်အခြေအနေဖြစ်နေပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်ဆိုတဲ့ ခိုင်နှင်းဝေ
မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါ ပြည့်စုံသူလေး တစ်ယောက်အဖြစ် ပရိသတ် သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေ အပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ် တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေ အပြင် အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ထားတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာတော့ သူမဆီကို နောက်ဆုံးရောက်လာခဲ့တဲ့ ကလေးလေးရဲ့အခြေအနေဟာ စိုးရိမ်ရကြောင်း အခုလိုပဲပြောလာပါတယ်။
“စွန့်ပစ်ခံရတဲ့ သဲကုန်းသားလေး ကျွန်မဆီ ရောက်လာပါပြီရှင်.စိတ်မကောင်းစရာကတော့ ကလေးက တကိုယ်လုံး အညိုအမဲများစွဲနေပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အနေအထားလေးပါ..ဇစ်မြစ်များ သေချာ မသိပေမဲ့ အတတ်နိုင်ဆုံး အရေးပေါ်ကုသပေးပါသော ရန်ကင်း ကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်..ကံကောင်းကျန်းမာပါစေလို့ ကျမ ဆုတောင်းရင်း အသက် တစ်ချောင်းကို ကယ်တင်ခွင့်ရပါစေရှင်..🙏🙏🙏..” ဆိုပြီး ပြောလာပါတယ်။
ခိုင်နှင်းဝေကတော့ မိဘတွေရဲ့ မညှာမတာစွန့်ပစ်ခဲ့တဲ့ ကလေးလေးဟာ ဒဏ်ရာတွေဗလပွနဲ့ စိုးရိမ်ရတဲ့ အနေအထားရှိနေပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေဆီ ရောက်ရှိလာတဲ့ ကလေးလေးလည်း ကံကောင်းထောက်မပြီး အသက်ရှင်ပါစေလို့ ပရိသတ်တွေက ဆုတောင်းပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Hnin Wai ‘s fb