သေးသေးလေးတည်းက အမေကိုဇာတိပြနေပြီဆိုတဲ့ သားကြီးဂျက်ဂျက်ရဲ့ လူရည်လည်ပုံအကြောင်း ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော်စတဲ့ ဂုဏ်ပုဒ်တွေအပြင် ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးတဲ့နောက်မှာ သားနဲ့သမီးကို အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ အနုပညာအလုပ်ကိုရွေးချယ်ခဲ့တာမို့ ဆရာဝန်အဖြစ်ရပ်တည်ခွင့်မရပဲ လက်ရှိမှာလည်း သူမမြတ်နိုးတဲ့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းက ငယ်ငယ်လေးနဲ့ စကားအရမ်းတတ်ပြီး လူရည်လည်တဲ့ သူမရဲ့သားအကြီးလေး ဂျက်ဂျက်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဂျက်တစ်ယောက်မအေကိုဘယ်လိုပြောလဲပြေပြဦးမယ်။ ဒီနေ့ကိုယ်ကအလုပ်နဲ့မအားတော့ သူ့အဖိုးကကျောင်းပို့ကြိုလုပ်ပေးတယ်။ ညကျတော့ “ဖိုးဖိုးနဲ့ကျောင်းသွားရတာအဆင်ပြေလား”လို့မေးကြည့်တာ ဘာပြောတယ်ထင်လဲ “အဆင်ပြေတယ်၊ မေမေနဲ့ကျောင်းသွားရတာ အဆင်မပြေဘူး”တဲ့လေ။ ဘယ်ပြေမလဲ၊ မအေကကားပေါ်မှာပွါးတာကို အိမ်မှာမအားတော့ ကားပေါ်ရောက်မှလွှတ်ရတာကိုး။ ဘယ်တုန်းကတည်းက နားငြီးနေလဲမသိဘူး။ အမေကိုအခွင့်ရတုန်းမမေးပဲပြန်ပြောနေတာ။ သားတွေများသေးသေးတည်းကဇာတိပြ 🤨” ဆိုပြီး ဂျက်ဂျက်လေးအကြောင်း ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ငယ်ငယ်လေးနဲ့ စကားတွေတတ်ပြီး သူမကြိုက်တာကိုမကြိုက်ကြောင်း ပြောပြတတ်တဲ့ သားလေးအကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဂျက်ဂျက်လေးအကြောင်းကိုသိရပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nann Myat Phyo Thinn ‘s fb

error: Alert: Content is protected !!