သူ့ရဲ့သီချင်းကို လောင်းကစားဂိမ်းကြော်ငြာနဲ့တွဲပြီး လူမှုကွန်ယက်ပေါ်မျှဝေတာကို လက်မခံကြောင်း ထုတ်ပြောလာတဲ့ ဘန်နီဖြိုး

လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဘန်နီဖြိုးကတော့ ပရိသတ်တွေအကြိုက် သီချင်းကောင်းလေးတွေကို သီဆိုရင်း နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘန်နီဖြိုးဟာ လတ်တလောမှာတော့ ရှိုးပွဲသီဆိုမှုတွေကို သီဆိုခြင်းမရှိပေမယ့် ပရိသတ်တွေအတွက် သီချင်းသစ်လေးတွေအမြဲတမ်း ဖန်တီးပေးဖို့ ကြိုးစားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ ဘန်နီဖြိုးဟာ သူ့ရဲ့သီချင်းကို ခွင့်ပြုချက်မရှိပဲ အသုံးပြုတဲ့အပြင် လောင်းကစားဂိမ်းကြော်ငြာနဲ့တွဲပြီးဖော်ပြထားတဲ့ ပေ့ချ်တစ်ခုကို သူ့အနေနဲ့ လက်ခံနိုင်စရာမရှိကြောင်း ပြောလာတာကို တွေ့ရပါတယ်။ ဘန်နီဖြိုးက “သီချင်းကိုခွင့်မတောင်းပဲပြန်ယူတင်တာက ကိုယ့်စိတ်နဲ့ကိုယ်ပါ။ လောင်းကစားကြော်ငြာတာပါ ထည့်တင်တာကျတော့ တရားလွန်ပါတယ်။ အဲ့လိုနေရာမျိုးတွေမှာလည်းကျွန်တော့် ပရိသတ်တွေကျွန်တော့်သီချင်းကိုသွားနားထောင်စရာမလိုပါဘူး … report လုပ်ခဲ့ပါ။” ဆိုပြီး ကောမန့်ရေးခဲ့တာပဲဖြစ်ပါတယ်။

ဘန်နီဖြိုးကတော့ သူ့ရဲ့သီချင်းကို ခွင့်ပြုချက်မတောင်းပဲ အသုံးပြုတဲ့အထိ လက်ခံနိုင်ပေမယ့် အများသူငါအကျိုးစီးပွားမဖြစ်ထွန်းစေတဲ့ လောင်းကစားကြော်ငြာနဲ့တွဲပြီးတင်တာကို လုံးဝလက်မခံနိုင်ကြောင်းပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Bunny Phyoe ‘s fb

error: Alert: Content is protected !!