သူများအကြောင်းဆို စိတ်ဝင်စားပြီး စပ်စုတတ်တဲ့ လူတွေရဲ့သဘောသဘာဝအကြောင်း အတည်ပေါက်နဲ့ စနောက်ခဲ့တဲ့ မအေးသောင်း
သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုလည်း အမြဲတမ်းပျော်ရွှင်မှုတွေ မျှဝေပေးလေ့ရှိတဲ့ မအေးသောင်းက ဒီကနေ့မှာလည်း သူမချစ်တဲ့ ပရိသတ်တွေကို အတည်ပေါက်နဲ့ စနောက်ခဲ့တာကို တွေ့ရပါတယ်။
မအေးသောင်းက သူများကိစ္စကို စိတ်ဝင်စားပြီး စပ်စုတတ်တဲ့လူတွေကို သူမရဲ့အကျင့်လေးနဲ့ နှိုင်းယှဉ်ပြီး စနောက်အရွှန်းဖောက်ထားခဲ့ပါတယ်။ မအေးသောင်းက “ဖျာခင်းထားပါနော်……… အံမယ် ကျမ လိုပဲစပ်စုတာတော့… အိပ်မလို့ဖျာခင်းထားလို့ပြောတာ ” ဆိုပြီး စပ်စုတတ်တဲ့ လူတွေရဲ့ အကျင့်ကို အတည်ပေါက်နဲ့ အရွှန်းဖောက်လာခဲ့တာပဲဖြစ်ပါတယ်။
မအေးသောင်းကတော့ အရင်ကတည်းက ပျော်ပျော်နေတတ်သူဆိုပေမယ့် အခုဆိုရင် သူမရဲ့ကြင်စဦးအိမ်ထောင်သည်ဘဝမှာ အရင်ကထက်ပိုပြီး ပျော်ရွှင်နေတယ်ဆိုတာကို သူမရဲ့အပြုအမူလေးတွေကြည့်ပြီး သိနိုင်ပါတယ်။ မအေးသောင်းတစ်ယောက် အခုလိုပဲ အမြဲတမ်းပျော်ရွှင်နိုင်ပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aye Thaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Aye Thaung’s fb