သူမရဲ့ မွန်ရိုးရာကို လေးစားလိုက်နာပြီး အစဉ်အလာအတိုင်း လာရောက်တောင်းရမ်းခဲ့တဲ့ ချစ်သူနဲ့ အမှတ်တရတွေကို ပြသလာတဲ့ မိစန္ဒီ
Rap စာသား အမိုက်စားတွေကို ကိုယ်တိုင် ရေးပြီး ကိုယ်တိုင် သီဆိုတဲ့ မွန်မလေး မိစန္ဒီကတော့ ဂီတလောက ထဲက ရှားရှားပါးပါး Rapper မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိစန္ဒီကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ချပြလေ့မရှိပဲ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း သိုသိုသိပ်သိပ်နေထိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၂) ရက်နေ့ကမှ မိစန္ဒီဟာ သူမရဲ့ချစ်သူကို ပရိသတ်တွေဆီ တရားဝင်ချပြခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာလည်း မိစန္ဒီက သူမကို လာရောက်တောင်းရမ်းတဲ့ချစ်သူအကြောင်းကို အခုလိုပဲပြောလာခဲ့ပါတယ်။
မိစန္ဒီက “မိစန္ဒီ ဘဝရဲ့ ရင်အခုန်ရဆုံး နေ့တွေထဲကတစ်ရက်ကို ချစ်ရတဲ့ ပရိတ်သတ်တွေကို ဝေမျှရင်း အမှတ်တရလေးတွေ မှတ်တမ်းတင် သိမ်းဆည်း ထားပါရစေနော် 🥰🙏🙈 သူအိမ်မှာ လာပြီးတောင်းရမ်းတဲ့နေ့❤️ မနက်အစောကြီးနိုးနေပြီး တစ်ညလုံး ကောင်းကောင်း အိပ်မပျော်.. 🫠🥰 သူ အိမ်မှာ ဈေးဗန်းလာသိမ်းတာကို ရင်တွေခုန်ပြီး စိတ်တွေလှုပ်ရှားတာပေါ့နော် ဟီး 😝🙈 သမီးရဲ့ special day လေးမှာ ဝန်းရံကူညီပေးသူအားလုံးကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင် 🥰🥰 love you all so much ” ဆိုပြီး သူမဘဝရဲ့ အမှတ်တရနေ့လေးအကြောင်းကို ပြောလာပါတယ်။
မိစန္ဒီကတော့ မွန်မလေးတစ်ယောက်ပီပီ သူမရဲ့ရိုးရာကိုလေးစားပြီး အစဉ်အလာအတိုင်း လာရောက်တောင်းရမ်းခဲ့တဲ့ ချစ်သူကြောင့် ဂုဏ်တင့်ခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိစန္ဒီတို့ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Mi Sandi’s fb