သူမကိုအရှက်ခွဲဖို့ အကွက်ကျကျစီစဉ်ခဲ့တယ်ဆိုတဲ့နေဒွေးအကြောင်းကို Screenshot နဲ့တကွ ပြောပြလာတဲ့ Htang Ra
သရုပ်ဆောင်နေဒွေးကတော့ သမီးရည်းစားကိစ္စတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း ပြဿနာတွေဖြစ်ခဲ့ရသူတွေဖြစ်ပါတယ်။ နေဒွေးဟာ ဒီတစ်ခါမှာလည်း သူ့ရဲ့ချစ်သူ မန္တလေးသူလေး Htang Ra နဲ့ ပြဿနာတွေဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက် ပိုစ့်တွေအပြိုင်အဆိုင်တင်ရင်း လမ်းခွဲရတဲ့အကြောင်းအရင်းကို ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ Htang Ra ကတော့ နေဒွေးဟာ သူမကိုအရှက်ခွဲဖို့ အကွက်ကျကျစီစဉ်ခဲ့တယ်ဆိုပြီး Screenshot နဲ့တကွအခုလိုပဲပြောလာပါတယ်။
“သူနဲ့ပြတ်မှနောက်တစ်ယောက်နဲ့အီတာ အဲ့လူမှာမိန်းမရှိမှန်းမသိဘူး သိလည်းသိရော လုံးဝမဆက်သွယ်တော့ပါဘူးအခုထိ ဒါကို ပြောထားတဲ့စာတွေယူဖို့ ငါနဲ့တကူးတကတွေ့ချင်တာကိုး ငါ့မှာတော့ချစ်သေးတော့ သံယောဇဉ်လေးတခုနဲ့သွားတွေ့ခဲ့တာ ငါ့ဖုန်းခိုးကြည့်ပီး SS တွေရိုက်ထားတယ် ခုကျတော့ ဒီလိုတွေအရှက်ခွဲဖို့ ငါ့ကို မျှားခေါ်ခဲ့တာကိုး 😌” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
Htang Ra ကတော့ နေဒွေးနဲ့ပြတ်မှ နောက်တစ်ယောက်နဲ့ပတ်သက်ခဲ့တာဖြစ်ပြီး ထိုလူကအိမ်ထောင်ရှိမှန်းသိတဲ့အချိန်မှာလည်း အဆက်အသွယ်ဖြတ်တောက်လိုက်တယ်လို့ ပြောလာပါတယ်။ ဒါ့အပြင် နေဒွေးကလည်း သူမနဲ့ပြတ်ပြီးမှ သူမကိုရန်ကုန်ခေါ်ပြီး သူမအိပ်နေတဲ့အချိန်မှာပဲ ဖုန်းယူပြီး Screenshot တွေယူထားတယ်လို့ အခိုင်အမာပြောဆိုခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Htang Ra’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Htang Ra’s fb