သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေသာမက အနုပညာလောကသား အချင်းချင်းကပါ ချစ်ကြရသူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ နာမည်ကြီးမင်းသားတစ်ယောက်ဆိုပေမယ့် ကြီးသူကိုရိုသေ ငယ်သူကညှာတာဆိုတဲ့ စကားအတိုင်း ပကာသနတွေမရှိပဲ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့မှာလည်း ပိုင်တံခွန်က Rapper ကြီး G Fatt ရဲ့ ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ ပိုင်တံခွန်က သူဆိုသမျှ သီချင်းတွေကို ဟန်ပန်အမူအယာတွေလုပ်ပြတဲ့ G Fatt ကို ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်ဖို့ အခုလိုပဲ မျှဝေပေးခဲ့တာဖြစ်ပါတယ်။
G Fatt ကတော့ ပိုင်တံခွန် သီဆိုတဲ့ သီချင်းတွေကို ဟန်ပန်အမူအယာတွေမျိုးစုံလုပ်ပြနေတာ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း G Fatt ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
သူဆိုသမျှသီချင်းတိုင်းကို ဟန်ပန်အမူအယာတွေလုပ်ပြနေတဲ့ Rapper ကြီး G Fatt ရဲ့ ဗီဒီယိုကို သဘောကျစွာမျှဝေလာတဲ့ ပိုင်တံခွန်
Yolo