




Source: Okkar Kyaw’s fb

သူငယ်တန်းအောင်မြင်သွားတဲ့ သားလေး Roar Roar ရဲ့ ကျောင်းဆင်းပွဲကို ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ

သရုပ်ဆောာင် ဆုပန်ထွာကတော့ သရုပ်ဆောင်ရော သီချင်းဆိုပါ ကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာလောကမှာ တောက်ပသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ခင်ပွန်း ကိုဥက္ကာကျော်ဟာ လက်ရှိမြန်မာနိုင်ငံကို စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေနဲ့သဘောထားချင်းဆန့်ကျင်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆုပန်ထွာကလည်း အနုပညာအလုပ်တွေကိုရပ်နားထားပြီး သားလေး Roar Roar ကျော်ရဲ့ ဝေယျာဝစ္စတွေကို အာရုံစိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဆုပန်ထွာရဲ့သားလေး Roar Roar ကျော်ဟာ သူငယ်တန်းအောင်မြင်သွားခဲ့ပြီလို့ သိရပါတယ်။ သားလေး Roar Roar ကျော်အတွက် သူ့ရဲ့ဖခင် ကိုဥက္ကာကျော်က “ချစ်လှစွာသောသား သားရဲ့ သူငယ်တန်းကျောင်းဆင်းပွဲအတွက်ဂုဏ်ယူပါတယ်။ အရမ်းဂုဏ်ယူပါတယ်။ သားရဲ့ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ။ မင်းအဖေအနေနဲ့ မင်းအတွက် ငါအမြဲဂုဏ်ယူတယ်။ မင်းလုပ်လိုက်တာ ငါ့ချစ်သား။ မင်းရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ကလေးလေး။ 😍😘😍 အမြဲတမ်းဂုဏ်ယူနေမယ် သားသားရေ… ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ဆုပန်ထွာရဲ့သားလေးကတော့ တဖြည်းဖြည်းအရွယ်ရောက်လာခဲ့ပြီး အခုဆိုရင် သူငယ်တန်းတောင် အောင်မြင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆုပန်ထွာလည်း သားသားလေး Roar Roar အတွက် ဂုဏ်ယူနေမယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Kyaw’s fb

error: Alert: Content is protected !!