သူငယ်ချင်းဖြစ်သူ မိုးဟေကိုရဲ့ အခက်ခဲဆုံးအချိန်ထိ အနားမှာ အတူတူရှိနေပေးခဲ့တဲ့ ယွန်းရွှေရည်

သရုပ်ဆောင် မိုးဟေကိုနဲ့ ယွန်းရွှေရည်တို့ကတော့ အနုပညာလောကမှာ ဇာတ်ကားတွေ အတူတူရိုက်ကူးရင်း ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ယွန်းရွှေရည်ဟာ ဇာတ်ပို့သရုပ်ဆောင်ဖြစ်ပြီး မိုးဟေကိုက မင်းသမီးတစ်ယောက်ဆိုပေမယ့် အချင်းချင်း သူငယ်ချင်းလို ညီအစ်မလို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုကလည်း ယွန်းရွှေရည်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ဝေမျှပေးတတ်သလို ယွန်းရွှေရည်ကလည်း မိုးဟေကိုရဲ့ အကောင်း အဆိုး မှန်သမျှကို ခံစားပေးတတ်တာပဲ ဖြစ်ပါတယ်။  

မနေ့က နိုဝင်ဘာလ (၂၇) ရက်နေ့မှာတော့ မိုးဟေကိုရဲ့ ဖေဖေဟာ အာယုဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မိုးဟေကိုရဲ့ ခက်ခဲတဲ့အချိန်မှာ ယွန်းရွှေရည်ကလည်း အနားမှာရှိနေပေးပြီး မိုးဟေကိုရဲ့ဖေဖေ နောက်ဆုံးထွက်သက်အထိ မိုးအနားမှာ အဖော်ပြုပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုနဲ့ ယွန်းရွှေရည်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကောင်းတူဆိုးဖက် အတူတူရှိပေးကြတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ မိုးဟေကိုရဲ့ဖေဖေလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yoon Shwe Yi’s fb

error: Alert: Content is protected !!