သီဆိုထားတဲ့ သီချင်းနဲ့ သီချင်းဗီဒီယိုတွေကို ခွင့်ပြုချက်မရပဲ အသုံးပြုခွင့်မပေးဘူးလို့ ထုတ်ပြန်လာတဲ့ အဲလက်စ်

နိုင်ငံကျော်အဆိုတော် အဲလက်စ်ကတော့ ပရိသတ်တွေအကြိုက် သီချင်းကောင်းများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲလက်စ်ဟာ သူ့ရဲ့ဂီတအနုပညာသက်တမ်းတစ်လျှောက်လုံး အောင်မြင်ခဲ့သူဖြစ်ပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားဆဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဲလက်စ်ရဲ့ Admin Team ဟာ အဲလက်စ်ရဲ့ သီချင်းတွေနဲ့ သီချင်းဗီဒီယိုတွေကို ခွင့်ပြုချက်မရပဲ အသုံးပြုခွင့်မပေးတော့ဘူးလို့ အဲလက်စ်ကိုယ်စားထုတ်ပြန်လာပါတယ်။

“ကျွန်တော်တို့ အားပေးနှစ်သက်သော အဆိုတော် ကိုအဲလက်စ်၏ သီချင်းများအား Facebook, Instagram, Tiktok နှင့် Youtube များပေါ်တွင် Commercial ဆန်ဆန် Cover သီချင်းများ အဖြစ် ပြန်လည်သီဆိုခြင်း၊ သီချင်းများအား ခွင့်ပြုချက်မရှိပဲ Lyrics Video ပြုလုပ်ခြင်း၊ Video Clips များတွင် ထည့်သွင်း အသုံးပြုခြင်း၊ ယခင်က ရိုက်ကူး ထုတ်လွှင့်ပြီးသော Music Video များအား ပြန်လည်ကူးယူတင်ပြခြင်းများအား တွေ့ရှိနေရပါသည်။ အထူးအားဖြင့် Youtube Channel ပေါ်တွင် ရက် ၉၀ အတွင်း Copyright Strikes Warning ၃ကြိမ် ရရှိပါက လူကြီးမင်းတို့၏ Account နှင့်အတူ သက်ဆိုင်သော Youtube Channel ကို Terminate အလုပ်ခံနိုင်ရပါသောကြောင့် ကိုအဲလက်စ်၏ သီချင်းနှင့် သီချင်းဗီဒီယိုများအား ခွင့်ပြုချက်မရှိပဲ အသုံးမပြုကြပါရန် ပန်ကြားအပ်ပါသည်။ *ကိုအဲလက်စ်ကို ချစ်ခင်အားပေးလို့ ဝါသနာအရ ကိုယ်တိုင်တီးခတ်သီဆိုကြသော သီချင်းချစ်သူပရိသတ်များအတွက် ယခုပိုစ့်သည် မသက်ဆိုင်ပါ။ အားပေးတဲ့အတွက် ရင်ထဲမှာ အမြဲရှိနေမှာပါ။ Admin Team” ဆိုပြီး အဲလက်စ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။

အဲလက်စ်ရဲ့ သီချင်းတွေကို ကြော်ငြာဆန်ဆန်အသုံးပြုခြင်း၊ သီချင်းများအား ခွင့်ပြုချက်မရှိပဲ Lyrics Video ပြုလုပ်ခြင်း၊ Video Clips များတွင် ထည့်သွင်း အသုံးပြုခြင်း၊ ယခင်က ရိုက်ကူး ထုတ်လွှင့်ပြီးသော Music Video များအား ပြန်လည်ကူးယူတင်ပြခြင်းများကိုတွေ့နေရတာကြောင့် အခုလိုထုတ်ပြန်ချက် ထုတ်ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Min Thura Aung sings Alex Cover Songs’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!