သိပ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမို့ စိတ်မကောင်းဝမ်းနည်းဖြစ်နေတဲ့ စည်သူဝင်း

သရုပ်ဆောင် စည်သူဝင်းကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကျော်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စည်သူဝင်းဟာ ပြီးခဲ့တဲ့နှစ်မှာလည်း Double Dating ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ထိုအစီအစဉ်ထဲက သရုပ်ဆောင်ယွန်းယွန်းနဲ့ ဖောက်ပြန်မှုတွေဖြစ်ခဲ့တဲ့အခါ ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူဝင်းက ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးရင်း အလုပ်တွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။

ဒီကနေ့ မေလ (၃၁) ရက်နေ့မှာတော့ စည်သူဝင်းက သူ့ရဲ့ စိတ်မကောင်းစရာသတင်းဆိုးတစ်ခုကို ပရိသတ်တွေဆီမျှဝေလာခဲ့ပါတယ်။ စည်သူဝင်းက ဒီကနေ့ မေလ (၃၁) ရက်နေ့ ညနေ 4:07 အချိန်မှာပဲ သိပ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အမေကြီး (အဘွား) ကို ဆုံးရှုံးလိုက်ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် Story ကနေတဆင့် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

စည်သူဝင်းကတော့ ချစ်ရတဲ့ အဘွားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အမည်းရောင် Ptofile Picture ကို ချိန်းထားခဲ့ပါသေးတယ်။ စည်သူဝင်းရဲ့ ဘွားဘွား ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Si Thu Win’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Si Thu Win’s fb

error: Alert: Content is protected !!