သိန်း (၂၀) ကျော်ပတ်ဝန်းကျင်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ The Voice Myanmar အဆိုတော် Shake

The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲမှာ အဖွဲ့လိုက်ပြိုင်ပွဲဝင်တွေအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Shake နဲ့ Wai Lone တို့ရဲ့ Error အဖွဲ့ကို ပရိသတ်ကြီး မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီကနေ့ မေလ (၃၁) ရက်နေ့မှာတော့ Error အဖွဲ့ဝင် Shake ဟာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Wai Lone ကလည်း Shake ရဲ့သတင်းဟာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Wai Lone က “ကျွန်တော့်သူငယ်ချင်း shake ကိစ္စ confirm ပါ။ ဗုဒ္ဓဟူးနေ့က ဖြစ်သွားတာပါ။ Shake ရဲ့ မိဘတွေနဲ့လဲ စကားပြောဖြစ်ပါတယ်။ မိဘတွေကော သူငယ်ချင်းတွေကော မလုပ်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ အခုတော့မဖြစ်သင့်တာဖြစ်သွားခဲ့ရပါပြီ။ ကျွန်တော်လဲ သောကြာနေ့လောက်ကမှသိရတာပါ။ ကျွန်တော်ကတော့ နယ်ပြန်နေတာကြာပါပြီ။ စိတ်မကောင်းတော်တော်ဖြစ်ရပါတယ်။ စိတ်မကောင်းခြင်းများစွာဖြင့်..Wai lone ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အတည်ပြုပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ —- ဟိုတယ်အခန်းကို ဝင်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင် တို့အားတွေ့ရှိပြီး ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁.၅သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wai Lone’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

သိန္း (၂၀) ေက်ာ္ပတ္ဝန္းက်င္ရွိတဲ့ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးျခင္းခံခဲ့ရတဲ့ The Voice Myanmar အဆိုေတာ္ Shake

The Voice Myanmar Season (3) သီခ်င္းဆိုၿပိဳင္ပြဲမွာ အဖြဲ႕လိုက္ၿပိဳင္ပြဲဝင္ေတြအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ Shake နဲ႔ Wai Lone တို႔ရဲ႕ Error အဖြဲ႕ကို ပရိသတ္ႀကီး မွတ္မိၾကဦးမယ္ထင္ပါတယ္။ ဒီကေန႔ ေမလ (၃၁) ရက္ေန႔မွာေတာ့ Error အဖြဲ႕ဝင္ Shake ဟာ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ဖမ္းဆီးခံခဲ့ရတဲ့ သတင္းေတြထြက္ေပၚလာခဲ့ၿပီး အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Wai Lone ကလည္း Shake ရဲ႕သတင္းဟာ မွန္ကန္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

Wai Lone က “ကြၽန္ေတာ့္သူငယ္ခ်င္း shake ကိစၥ confirm ပါ။ ဗုဒၶဟူးေန႔က ျဖစ္သြားတာပါ။ Shake ရဲ႕ မိဘေတြနဲ႔လဲ စကားေျပာျဖစ္ပါတယ္။ မိဘေတြေကာ သူငယ္ခ်င္းေတြေကာ မလုပ္ဖို႔အႀကိမ္ႀကိမ္သတိေပးခဲ့ပါတယ္။ အခုေတာ့မျဖစ္သင့္တာျဖစ္သြားခဲ့ရပါၿပီ။ ကြၽန္ေတာ္လဲ ေသာၾကာေန႔ေလာက္ကမွသိရတာပါ။ ကြၽန္ေတာ္ကေတာ့ နယ္ျပန္ေနတာၾကာပါၿပီ။ စိတ္မေကာင္းေတာ္ေတာ္ျဖစ္ရပါတယ္။ စိတ္မေကာင္းျခင္းမ်ားစြာျဖင့္..Wai lone ” ဆိုၿပီး သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အတည္ျပဳေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေမလ (၂၅) ရက္ေန႔က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားက သတင္းအရ သက္ေသမ်ားႏွင့္အတူ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံလမ္းရွိ —- ဟိုတယ္အခန္းကို ဝင္ေရာက္ရွာေဖြရာ တည္းခိုေနသူ ဟိန္းသူစိုး(ခ)Shake ႏွင့္ ႏိုင္လြင္ တို႔အားေတြ႕ရွိၿပီး ဟိန္းသူစိုး(ခ)Shake ထံမွ အက္တက္စီေဆးျပား ၅၀ ျပား (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္သိန္း ၂၀)၊ ကတ္တမင္းအေလးခ်ိန္ ၃ ဂရမ္(ေဒသကာလ ေပါက္ေဈးတန္ဖိုး ေငြက်ပ္ ၁.၅သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး ဖမ္းဆီးခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Wai Lone’s fb

error: Alert: Content is protected !!