သားအမိနှစ်ယောက် ဆံပင်ဆင်တူလေးညှပ်ပြီး မေမေ့ထက်ပိုလှကြောင်း တတွတ်တွတ်ပြောနေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာ

ပရိသတ်တွေချစ်ကြတဲ့ စန္ဒီမြင့်လွင် က အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်အောင်မြင်သူလေးဖြစ်ပြီး အဘက်ဘက်ကနေ ပြည့်စုံသူလေးတစ်ယောက်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် မတ်လအတွင်းမှာ ကိုသီဟလွင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကလည်း မေမေနဲ့တူပြီး အမြဲတမ်း နှုတ်ခမ်းလေးထော်ပြီး အသည်းယားစရာ အမူအယာလေးတွေလုပ်တတ်တာမို့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေရတာပဲ ဖြစ်ပါတယ်။

အမြဲတမ်းချစ်စရာကောင်းပြီး သွက်လက်ချက်ချာတဲ့ ထရက်ရှာလေး ဒီကနေ့မှာလည်း မေမေစန္ဒီမြင့်လွင်နဲ့အတူတူ ဆံပင်ဆင်တူလေးညှပ်ခဲ့တာကို တွေ့ရပါတယ်။ ထရက်ရှာလေးက စကားတတ်သူလေးပီပီ မေမေနဲ့ ဆံပင်ဆင်တူလေးညှပ်ပြီး သူမကပိုလှတဲ့အကြောင်းကို ချစ်စရာကောင်းစွာ ပြောဆိုထားတာကို မေမေဒီဒီးက အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

ထရက်ရှာလေးကတော့ အခုလိုဆံပင်ပုံစံအသစ်လေးနဲ့ အရမ်းချစ်စရာကောင်းနေသလို မေမေစန္ဒီမြင့်လွင်ကလည်း ဒီဆံပင်ပုံစံလေးကြောင့် ရှိရင်းစွဲအသက်ထက် အများကြီးပိုငယ်သွားပြီး အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sandy Myint Lwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!