သားသုံးယောက်ထဲမှာ အမေကို အချွဲတတ်ဆုံး သားငယ်လေး ကောင်းဆက်ဦးအတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ရတနာခင်

သရုပ်ဆောင် မင်းသမီးချော ရတနာခင်ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် သားသုံးယောက်မိခင်ဖြစ်နေပြီဖြစ်တဲ့ ရတနာခင်ကတော့ အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး မိသားစုတာဝန်တွေကိုသာ ထမ်းဆောင်နေတဲ့ အိမ်ထောင်ရှင်မဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရတနာခင်အပြင် သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ 

ချစ်စရာကောင်းပြီး ချောမောတဲ့ သားသုံးယောက်ကို မွေးဖွားထားတဲ့ ရတနာခင်ဟာ ဒီကနေ့ နိုဝင်ဘာလ (၁၇)ရက်နေ့မှာတော့ သူမရဲ့ သားအငယ်ဆုံးလေး ကောင်းဆက်ဦးအတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။ ရတနာခင်က “Happy 8th Birthday Kaung Sett Oo 🎂🎊🎉 မာမားချွဲစိန်လေး အသက်ရှည် အနာမဲ့ ဘေးရန်ကင်းပါစေ ၊ လူတော်လူကောင်းလေးဖြစ်ပါစေ ၊ သူတော်ကောင်းများနှင့်သာတွေ့ပါစေ 😘🥰” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရတနာခင်ကတော့ သူမနဲ့တစ်ထေရာတည်းတူပြီး ချောမောတဲ့သားလေးတွေကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ရတနာခင်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yadanar Khin’s fb

error: Alert: Content is protected !!