သားသမီးတွေကို ရှင်ပြုနားသပေးခွင့်ရတဲ့ကုသိုလ်ထူးကြောင့် မျက်ရည်ကျရတဲ့အထိကို ပီတိဖြစ်ခဲ့ရတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း

တချိန်ကပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားအဖြစ် လူသိများကျော်ကြားတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲမင်းသားတစ်ယောက်ဖြစ်ပါတယ်။ အရင်လောက်အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို မလျော့စတမ်းရရှိထားတဲ့ ပိုင်ဇေရဲထွန်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပိုင်ဇေရဲထွန်းနဲ့တကွ သူ့ရဲ့မိသားစုလေးအားလုံးကိုပါ ချစ်ကြတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားသလို အားကိုးအားထိုက်ပြုရမယ့် သားနှစ်ယောက်ကို မွေးဖွားထားတဲ့ ပိုင်ဇေရဲထွန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နဲ့ (၁၀) ရက်နေ့မှာ သူ့ရဲ့သားသမီးတွေအားလုံးကို ရှင်ပြုနားသအလှူလေးပြုလုပ်ခဲ့ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ သားသမီးတွေရဲ့ ဓာတ်ပုံလေးတွေကို မျှဝေရင်း “ဘဝမှာကြည်နူးမှူအပြည့်နဲ့ မျက်ရည်ကျခဲ့ရတဲ့နေ့လေး ပကာသနမပါ ရိုးရှင်းဖြူစင်တဲ့အလှူလေး ဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီကြသူအပေါင်း ကျေးဇူးတင်ရှိပါကြောင်းပါခင်ဗျာ🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ သမီးကြီးငြိမ်းခင်ခင်ပိုင်ကို နားသမင်္ဂလာပြုလုပ်ပေးခဲ့သလို သားနှစ်ယောက်ဖြစ်တဲ့ ဇေဘုန်းပိုင်နဲ့ စစ်ဘုန်းပိုင်တို့ကို ရှင်ပြုအလှူလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့မိသားစုလေးကတော့ ဒီအခိုက်အတံ့လေးကို သူတို့ဘဝတစ်သက်တာမှာ အမှတ်ရနေတော့မယ်သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Zay Ye Tun’s fb

error: Alert: Content is protected !!