သားလေးလား သမီးလေးလားတောင် သိခွင့်မရလိုက်တဲ့ ရင်သွေးလေးကို မေ့မရနိုင်သေးတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ဖူးပွင့်ခိုင်

ညှို့အားပြင်းတဲ့ ဆက်စီမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဖူးပွင့်ခိုင်ကတော့ နာမည်ကြီးဆယ်လီဘရစ်တီတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားသူလေး ဖြစ်ပါတယ်။ ဖူးပွင့်ခိုင်ဟာ သူမရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ပုရိသတွေကို ဆွဲ ဆောင် တတ်သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတော့ ဖူးပွင့်ခိုင်ဟာ သူမရဲ့ကျန်းမာရေးကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရသလို သူမရဲ့ အခြေအနေကိုလည်း ပရိသတ်တွေဆီ ပွင့်လင်းစွာ ချပြခဲ့တာပဲ ဖြစ်ပါတယ်။

ဖူးပွင့်ခိုင်ဟာ သူမ မသိလိုက်ခင်မှာပဲ ရင်သွေးလေးကို ရရှိခဲ့ပြီး အဆိုပါ ရင်သွေးလေးဟာ သူမရဲ့ သားအိမ်အပြင်မှာ သန္ဒေတည်နေခဲ့တာကြောင့် ခွဲထုတ်လိုက်ရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတာကြောင့် ဖူးပွင့်ခိုင်ဟာ တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပြီး ဒီနေ့ဒီအချိန်ထိ သတိရနေသေးကြောင်း “ကိုယ်ဟာလည်း မှန်လေးတစ်ချပ်လိုပါပဲ ✨ Miss u My Baby Lay 👼🍂” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။

ဖူးပွင့်ခိုင်ကတော့ မိခင်တစ်ယောက်ဖြစ်ခွင့်မကြုံလိုက်ရပေမယ့် သူမရဲ့ ဆုံးရှုံးသွားတဲ့ ရင်သွေးလေးကို တော့ မိခင်တစ်ယောက်ပီပီ နှမြောတသဖြစ်နေရရှာတာပဲ ဖြစ်ပါတယ်။ ဖူးပွင့်ခိုင်တစ်ယောက် အခွင့်အခါကြုံကြိုက်ခဲ့ရရင်တော့ ရင်သွေးလေးရပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phuu Pwint Khaing’s fb

error: Alert: Content is protected !!