စုစုဝေကတော့ မြန်မာပြည်ကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂျာမန်လူမျိုးအဆိုတော် Mikis နဲ့ ဖူးစာဆုံခဲ့တာပဲဖြစ်ပါတယ်။ စုစုဝေနဲ့ Mikis တို့ဟာ ချစ်သူတွေအဖြစ် အချိန်အတော်ကြာနေခဲ့ပြီးမှာ မကြာခင်အချိန်ကပဲ ဂျာမနီနိုင်ငံမှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ Mikis နဲ့ စုစုဝေတို့က ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။
ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ထားပြီးတဲ့နောက် သားလေးနဲ့ပတ်သက်ပြီး အရာရာကိုကြည်နူးစွာခံစားနေရတဲ့စုစုဝေက ဒီကနေ့မှာလည်း “ဘဝထဲမှာ သားလေးရောက်လာတဲ့အချိန်ကစလို့ ပိုပြီ တန်ဖိုးရှိပြည့်စုံသွားတယ် 🤱💙 ကျေးဇူးပါ သားလေးရေ ဒီဖေဖေမေမေတို့ရဲ့ သားလေးလာဖြစ်ပေလို့ 😍😘” ဆိုပြီး သူမရဲ့အချစ်တွေကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။
စုစုဝေကတော့ သူမရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ သားလေးကြောင့် ကြည်နူးပီတိတွေကို ခံစားနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စုစုဝေရဲ့ မိခင်မေတ္တာလေးကိုကြည်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Su Su Wai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
သားလေးရောက်လာမှ ဘဝကြီးက တန်ဖိုးရှိပြီး ပြည့်စုံသွားခဲ့တယ်ဆိုတဲ့ စုစုဝေ
Yolo
Source: Su Su Wai ‘s fb