သားလေးမမွေးဖွားမှီ ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့တဲ့ ဗီဗာဟိန်းတို့ ဇနီးမောင်နှံ
မြူးမြူးကြွကြွ တေးသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် ဗီဗာဟိန်းကတော့ ပရိသတ်တွေမသိတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ဗီဗာဟိန်းကတော့ ပြီးခဲ့တဲ့နှစ်မှာ သူမရဲ့ အဖေ၊ အမေနဲ့ အစ်ကိုတို့ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးရှုံးခဲ့ရပြီး အလုပ်တွေရှေ့ဆက်မလုပ်နိုင်တဲ့အထိဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဗီဗာဟိန်းဟာ သူမကိုချစ်မြတ်နိုးတဲ့ ချစ်သူနဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရပြီပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဗီဗာဟိန်းဟာ သူမရဲ့ မကြာခင်မွေးဖွားတော့မယ့် သားလေးနဲ့အတူတူ အမှတ်တရ ကိုယ်ဝန်ဆောင်ဓာတ်ပုံလေးကို ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။
ဗီဗာဟိန်းက သူမရဲ့ ဝမ်းကြာတိုက်လေးထဲရှိနေသေးတဲ့ သားလေးနဲ့အတူတူ မိသားစုအမှတ်တရပုံတွေရိုက်ကူးပြီး သားလေးအရွယ်ရောက်လာတဲ့အခါ ပြသနိုင်ဖို့ အခုလိုပဲ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။
ဗီဗာဟိန်းတို့ဇနီးမောင်နှံကတော့ သားလေးမမွေးခင်မှာ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဗီဗာဟိန်းတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Vivar Hein ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်