သားလေးနဲ့ သမီးလေးဖြစ်ချင်တာလေးတွေလိုက်လုပ်ပေးရင်း မိခင်ဘဝကို ကျေနပ်စွာဖြတ်သန်းနေတဲ့ သဉ္ဇာနွယ်ဝင်း

ပါးပေါ်မှာ မှဲ့နက်လေးနဲ့ ထူးထူးခြားခြားလှတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ သာယာလှပတဲ့ မိသားစုဘဝလေးကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ယနေ့ထက်တိုင် ခံယူနေရဆဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကလည်း သူမရဲ့ ပရိသတ်တွေအတွက် သူမနဲ့ မိသားစုလေးရဲ့ လှုပ်ရှားမှုတွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလေ့ရှိပါတယ်။

ဒီကနေ့မှာလည်း သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ သူမတို့မိသားစုရဲ့ ပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ သဉ္ဇာနွယ်ဝင်းက “Shopping vlog with my peach lay & tulip lay 🍑🌷❤️ သူတို့လိုချင်တာလေးတွေရလို့ပျော်နေကြရင် ဒီမေမေကအမောပြေနေရော်😍” ဆိုပြီး သားနဲ့သမီး စားချင်တာလေးတွေလိုက်ကျွေးပြီး လိုချင်တာလေးတွေဝယ်ပေးနေရရင် ဘယ်လောက်ပင်ပန်းပင်ပန်း အမောတွေပြေနေရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ အရင်လို ရုပ်ရှင်သရုပ်ဆောင်မင်းသမီးမဟုတ်တော့ပေမယ့် သားနဲ့သမီးရှိတဲ့ မိခင်ဘဝမှာ ကျေနပ်ပျော်ရွှင်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့ သားအမိတွေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thinzar Nwe Win’s fb

error: Alert: Content is protected !!