သားလေးကို မမွေးဖွားခင်ကတည်းက ကံကောင်းမှုတွေနဲ့ကြုံနေရပြီး လပ်ကီးဘေဘီလေးကို ပိုင်ဆိုင်ထားရကြောင်းပြောပြလာတဲ့ ဗီဗာဟိန်း

အဆိုတော် ဗီဗာဟိန်းကတော့ သူမရဲ့ ဂီတအနုပညာကို ဖခင်ဖြစ်သူ ဦးဗိုလ်ဟိန်းဆီက လက်ဆင့်ကမ်းအမွေရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဗီဗာဟိန်းဟာ ပြီးခဲ့တဲ့နှစ်ကပဲ အဖေ၊ အမေနဲ့ အစ်ကိုတို့ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးရှုံးလိုက်ရတာမို့ တစ်ယောက်တည်းအထီးကျန်တဲ့ဘဝမှာ လက်တွဲဖော်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် မိသားစုဘဝလေးကို တည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။

မကြာခင်မှာ သားလေးကိုမွေးဖွားတော့မယ့် ဗီဗာဟိန်းဟာ သားလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း ကံကောင်းမှုတွေနဲ့သာ ဆက်တိုက်ကြုံတွေ့နေရကြောင်းပြောပြလာပါတယ်။ ဗီဗာဟိန်းက “ဒီနေ့သားလေးအတွက်လိုအပ်တာလေးတွေသွားဝယ်တာမဲနှိုက်တာ မဲပြန်ပေါက်လို့ ၃၇၀၀၀ ရတယ် ဟီးဟီး ယောကျ်ား ကသူမဲနှိုက်တာသားရေပေါက်ရင်မင်းအတွက်ဆိုပြီးနှိုက်တာပေါက်သွားတယ်တခါမှမပေါက်ဖူးတော့ပျော်လိုက်တာသားလေးကလပ်ကီး ဘေဘီလေး 😍😍😍😘😘😘” ဆိုပြီး သားလေးနဲ့ ပတ်သက်တဲ့ ကံကောင်းမှုကိုပြောပြလာခဲ့ပါတယ်။

ဗီဗာဟိန်းလေးကတော့ သားလေးကိုမမွေးဖွားခင်ကတည်းက ကံကောင်းမှုတွေနဲ့ တစ်ခုပြီးတစ်ခုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ သားလေးကတော့ လာခြင်းကောင်းတဲ့သားလေးတစ်ယောက်အဖြစ် ဖေဖေ၊ မေမေတို့က အချစ်ပိုနေရတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: ဗီ ဗာ ဟိန်း ‘s fb

error: Alert: Content is protected !!