သားဖြစ်သူ ဝါဇင်ကမွေးတဲ့ မြေးအငယ်ဆုံးလေးအတွက် အဝေးကနေ မွေးနေ့ဆုတောင်းတွေတသီကြီး ဆုတောင်းပေးခဲ့တဲ့ ဝါဝါဝင်းရွှေ
သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ စွယ်စုံရမင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီးဝါဝါဝင်းရွှေဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီမို့ အနုပညာအလုပ်တွေလုပ်ကိုင်တာ တော်တော်လေး နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဝါဝါဝင်းရွှေဟာ ဘာသာရေးနဲ့ ကုသိုလ်ရေးကို အားစိုက်ပြီး သူမရဲ့မိသားစုလေးကို ပိုပြီး အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
သားအချစ် မြေးအနှစ်ဆိုတဲ့စကားအတိုင်း ဝါဝါဝင်းရွှေဟာ မြေးတွေကိုချစ်မြတ်နိုးသူဖြစ်ပြီး ဒီကနေ့မှာလည်း သူမရဲ့သား ဝါဇင်ကမွေးဖွားတဲ့ မြေးအငယ်ဆုံးလေးကို မွေးနေ့ဆုတောင်းပေးလာတာတွေ့ရပါတယ်။ ဝါဝါဝင်းရွှေက “Happy Birthday ပါချစ်ရတဲ့မြေးအငယ်ဆုံးလေး Isabellar ချစ်စရာအရမ်းကောင်းပြီး စကားတွေအရမ်းတတ်တဲ့ မြေးလေးရဲ့မွေးနေ့မှစပြီး ထူးချွန်ထက်မြက်တဲ့ပညာတတ်ကြီးဖြစ်ပါစေ။ ဖေဖေမေမေတို့အတွက် အဖိုးတိုက်ရတနာတပါးဖြစ်ပြီး ထာဝစဉ်ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ပါစေလို့ ဖွားဖွား အဝေးကနေဆုတွေတောင်းပေးလိုက်ပါတယ်နော်” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။
ဝါဝါဝင်းရွှေကတော့ ခင်ပွန်းဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက် မိသားစုကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးလာပြီး မြေးတွေကိုလည်း အရမ်းဂရုစိုက်ကြင်နာတာပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေတို့ မိသားစုလေး အခုလိုပဲ ထာဝရအေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Wa Wa Win Shwe ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!